
တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၄ မှာ ပါဝင်တဲ့ ကြော်ငြာပါ။
အသစ်ထွက်Envoyဂျာနယ်မှာ
ဦးအောင်သိန်းလင်း နဲ့ တရုတ်စာစောင် အင်တာဗျူးအကြောင်း ဖတ်ရမယ် လို့ ကြော်ငြာ ထားတာပါ။
ဦးအောင်သိန်းလင်း ယနေ့ထွက်ပြီ လို့ ဒီကြော်ငြာကို Facebook မှာ ထပ်ဆင့်ဖြန့်ဝေသူတို့က ဆိုနေကြပါတယ်။
စာအထားအသိုအရ ဆိုရင် အဲဒီလိုလည်း ဖတ်လို့ရနေပါတယ်။
ဘာထွက်တာလဲ၊ ဘယ်ကနေ ထွက်တာလဲ ဆိုတာကိုတော့ ရေးမထားပါ။
ဦးအောင်သိန်းလင်းဟာ ကြံ့ခိုင်ရေးပါတီကြီးရဲ့ အထင်ကရ ခေါင်းဆောင်ကြီးတယောက် ဖြစ်ပါတယ်။
သူ့ရဲ့သတင်းစာရှင်းလင်းပွဲ၊ အင်တာဗျူးတွေဟာ မှတ်သားစရာတွေနဲ့ ပြည့်နေတာကို တွေ့ရပါတယ်။
ဦးအောင်သိန်းလင်းဟာ စစ်တပ်မှာ တာဝန်ကြီးကြီး ယူခဲ့သူဖြစ်ပြီး ရန်ကုန်မြို့တော်ဝန်အဖြစ်လည်း ခန့်အပ်ခံရသူ ဖြစ်ပါတယ်။
စစ်ဗိုလ်ချုပ်ကြီးတွေ တည်ထောင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကြီးမှာ ဦးအောင်သိန်းလင်းလို ခေါင်းဆောင်မျိုး ဘယ်နှစ်ဦး ရှိသလဲမသိရပါ။
Envoy မှာ ဖော်ပြမယ် ဆိုတဲ့ အင်တာဗျူးကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အွန်လိုင်းမှာ ဖတ်ရှု သုံးသပ်သူ အများအပြား ရှိခဲ့ပါတယ်။
ဦးအောင်သိန်းလင်းရဲ့ ပြောဆိုချက်တွေဟာ ပါတီရဲ့ မူဝါဒလား ဆိုတာလည်း မသိရသေးပါ။
ခုချိန်ထိ တရားဝင် ဖြေရှင်းချက် မထုတ်သေးတဲ့အတွက် ပါတီရဲ့ မူဝါဒအတိုင်း ပြောဆိုတယ်လို့ ယူဆရပါတယ်။
ပါတီရဲ့မူဝါဒဆိုတာကတော့သေချာပါတယ်...
ReplyDeleteတချိန်လုံးသူများနောက်လိုက်ခိုင်းသမျှလုပ်လာတာ...
ဒီအချိန်မှတော့ရှေ့တက်ပြီးကိုယ်ပိုင်ခံယူချက်တင်ပြမယ်မထင်ပါ...။
ကြံဖွတ်မှာ အဲဒီလို အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေ အများကြီးပါ။ ဒီပုံနဲ့  ၂၀၁၅ မှာလည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်လို အပြတ်အသတ် အသာစီးရဦးမှာပဲ။
ReplyDeleteတကယ်တော့ ဦးအောင်သိန်လင်းလို လူမျိုးမြန်မာပြည်ရဲ့ ခေါင်းဆောင်ပိုင်းမှာ မရှိသင့်ပါဘူး။မြန်မာပြည်လည်း တရုတ်လက်တရုတ်ခြေ ဖြစ်နေပါပြီး အထူးသဖြင့် တရုတ်လမ်းေုကာင်းများကို သေချာစီစစ်ခြင်းယနေ့အထိမရှိပါ။အောက်ခြေပိုင်းအရမ်းအားနည်နေပါသည်
ReplyDeleteIf U Aung Thein Lin’s interview with the Chinese journalist is true, the people of Myanmar might assume that it reflects the position of the Union Solidarity and Development Party (USDP).
ReplyDeleteIf he is serious about the interview, it is very dangerous for the future of USDP.
The interview is the recipe for disaster for USDP.
The USDP will follow the path of the National Unity Party (former Burmese Socialist Programme Party BSPP) in 2015 General Elections.
In fact, U Aung Thein Lin won the 2010 election in South Okkalapa Township with the rigged votes – advanced votes -- added only after the votes are counted in which apparently he was going to lose his opponent.
Myanmar people are waiting to see the action, perhaps explanation from USDP.
A mayor should be a person who people are proud of.
ReplyDeleteA mayor should be a person who never plays foul.
His Majesty Mayor & Chinese journal "wan sweet".
မြို.တော်ဝန်မင်းနဲ. ထောင်ကဲဂျာနယ်ဝမ်စွေ.
ပြောင်းဖူးအာလူး
ReplyDeleteဦးအောင်သိန်းလင်းရေ ခင်ဗျားက မြန်မာပြည်သူတွေကို အရူးတွေ လို့ပြောတယ်။ လျှပ်စစ်မီးပျက်တော့ ဖရောင်းတိုင်ထွန်းဆန္ဒပြတယ် မီးရအောင်မြစ်ဆုံစီမံကိန်းလုပ်ပေးပြန်တော့ ကန့်ကွက်ကြတယ်တဲ့။ အမှန်က အဲဒီအစွန်းနှစ်ဖက်အကြားမှာအဖြေတစ်ခုရှိတယ်။ အဒီအဖြေမျိုးကိုရှာတတ်တဲ့ ခေါင်းဆောင်တွေအုပ်ချုပ်တဲ့နိုင်ငံတွေဟာ တိုးတက်ချမ်းသာနေကြတယ်ဆိုတာ ခင်ဗျားတို့မြင်အောင်ကြည့်တတ်ကြပါစေဗျာ။ ။ ။
ReplyDeleteeleven ဒီအပါတ်ထုတ်မှာပါတယ်လေ။ ဖတ်လိုက်တာနဲ့ ပညာမဲ့ကြောင်း သူ့ကိုယ်သူ ဖော်ပြနေသလိုပဲ
ReplyDelete