Pages

Friday, July 27, 2012

နတ်တင်မှ စာမေးပွဲ အောင်မည်တဲ့

ဓာတ်ပုံ- Sai Htet Arkar's facebook


မြန်မာနိုင်ငံက ကျောင်းသားတွေမှာ မှားယွင်းတဲ့ အယူအဆတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာ ပြသတဲ့ ဓာတ်ပုံ တပုံကို Sai Htet Arkar ရဲ့ ဖေ့စ်ဘုတ်စာမျက်တွေ့ရလို ဖော်ပြပေးလိုက်ပါတယ်။ သူ့စာမျက်နှာမှာရေးထား တာက -- တလွဲ စာမကျက်ပဲ ရမလားတဲ့။

ဒီကိစ္စနဲ့ပတ်သက်ပြီး စာမေးပွဲ အောင်ချင်လို့ ဗေဒင်သွားမေးတော့ ပညာရှိတဲ့ ဗေဒင်ဆရာက "နတ်တင်မှ စာမေးပွဲ အောင်မယ်"လို့ ဟောလိုက်တယ်။ ဒါကို တကယ် နတ်ကို ပူဇော်ပသရမယ် ထင်ပြီး နတ်တင်ချိန်၊ နတ်စင်ရှေ့ ထိုင်ဆုတောင်းနေရင်း စာမ ကျက်ပဲ စာမေးပွဲ သွားဖြေတော့ ကျသွားတယ်။

နတ်တင်ရဲ့သားနဲ့ စာမေးပွဲကျတယ်ပေါ့။ ဗေဒင်ဆရာက ဆိုလိုတာကို သူ မသိလို့ စာမေးပွဲ ကျသွားတာပါ။ နတ်တင်တယ်ဆိုတာ သူက စကားလိမ်နဲ့ နင်တတ်မှ စာမေးပွဲ အောင်မယ်လို့ ပြောလိုက်တာကို နားမလည် တာလည်းဖြစ်ပါတယ်။

ပြောရရင် ပညာရေး စနစ်နဲ့ ဆိုင်ပါတယ်။ စာမေးပွဲ အောင်ခြင်းနဲ့ ပညာတတ်တယ်လို့ မြန်မာပြည် ပညာရေးလောကမှာ ဖန်တီးခံထားရတယ်။ စာမေးပွဲအပေါ် တည်မီပြဌာန်းထားတဲ့ ပညာရေး စနစ်ဖြစ်နေတာကြောင့်လည်းပါတယ်။

စာမေးပွဲ အောင်ဖို့ ပညာရေးနဲ့ စာတတ်ဖို့ ပညာရေး အလွန်ကွာခြားပါတယ်။ အခုဆို မြန်မာနိုင်ငံမှာ Graduated တွေ အလွန်များပြီး Educated တွေ အတော်နည်းနေတာကို သတိထားမိနိုင်ပါလိမ့်မယ်။

4 comments:

  1. "လေးစားထိုက်သော ကိုကြီးကျော် နတ်ကွန်းကွန်ဒို ဆောက်မည့် အင်ဂျင်နီယာလောင်း ဖြစ်ပေသည် ။"

    ReplyDelete
  2. မောင်ကျောင်းသားများခင်ဗျာ့ နတ်တင်မှစာမေးပွဲအောင် မယ်ဆိုတာ ဦးရှင်ကြီးတို့ ကိုကြီးကျော်တို့ကို ပွဲပေးပြီး တင်ခိုင်တာမဟုတ်ဘူး နတ်တင်မှဆိုတာ နင်တတ်မှကို ပြောတာမောင်ကျောင်းသားတို့ရေ...... နော်....နော် တလွဲမတွေးနဲ့ ပိုက်ဆံကုန်တယ်။

    ReplyDelete
  3. G T C ကျောင်းသါးက အယူအဆ ဒီလေါက် မညံ့ လေါက်ပါဘူး
    သါးကို အေါင်မြင်ချင်ဇော နဲ့ လူကြီး မိဘ တွေက အယူ ညံ့သွားတါ နေမှာပါ

    ReplyDelete
  4. မောင်ထွဋ်ခိုင်ဝင်း BE ( တောင်ပြုန်း)

    ReplyDelete