Pages

Saturday, July 21, 2012

ဘန်ကောက်သွားမယ့်သူတွေကို ရန်ကုန်လေဆိပ်မှာ ဖုန်းကတ် အလကားပေးနေပြီ



ရန်ကုန်လေဆိပ် နှင့် ဘန်ကောက်မြို့ မြန်မာသံရုံးတွင် အခမဲ့ ဝေငှနေသည့် ဖုန်းကတ်များ (ဓာတ်ပုံ - မိုးမခ)

ရန်ကုန်လေဆိပ်တွင် ဘန်ကောက်သို့ သွားမည့်ခရီးသည်များကို ထိုင်းနိုင်ငံတွင် အသုံးပြုသည့် ဆင်မ်ကတ် (SIM Card) များ အခမဲ့ ပေးဝေလျက်ရှိသည်။

ထို ဆင်မ်ကတ်ကို True Move ကုမ္မဏီက ဖြန့်ဝေနေခြင်းဖြစ်သည်။

အသုံးပြုလိုပါက ထိုင်းနိုင်ငံအနှံ့တွင်ရှိသော Seven Eleven စတိုင်းဆိုင်များ၊ တယ်လီဖုန်းအရောင်ဆိုင်များသို့ သွားရောက်ပြီး ငွေဖြည့် အသုံးပြုနိုင်သည်ဟု ကြော်ငြာထားသည်ကို တွေ့ရသည်။ အနည်းဆုံး ဘတ် ၃ဝဝ ဖိုး ထည့်သွင်းရမည်ဟု ဆိုသည်။ ထိုပမာဏသည် အမေရိကန်ဒေါ်လာ ၁ဝ ဒေါ်လာနှင့် ညီမျှသည်။

ကြော်ငြာတွင် ဖော်ပြထားချက်အရ တခြား ကုမ္မဏီများနည်းတူ ခေါ်ဆိုခ သက်သာကြောင်း သိရသည်။

ဘန်ကောက်မြို့ မြန်မာသံရုံးတွင်လည်း True Move ကုမ္မဏီက ဆင်မ်ကတ် ဖြန့်ဝေနေသည်ကို တွေ့ရသည်။ မြန်မာသံရုံးသည် မြန်မာပြည်သားများနှင့် နေ့စဉ်လိုလို စည်ကားနေသဖြင့် စားသုံးသူထံ တိုက်ရိုက်ရောက်ရှိသော ဖြန့်ဝေနည်း ဖြစ်သည်။

အခွန်ဆောင်ရန်၊ ပတ်စ်ပို့ နှင့် ထောက်ခံချက်ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် သံရုံးသို့ ရောက်လာသော မြန်မာပြည်သား အရေအတွက်မှာ နေ့စဉ် ရာနှင့်ချီ ရှိသည်ကို တွေ့နေရသည်။

မြန်မာပြည်သားတို့ကို ပစ်မှတ်ထားသော True Move ဆင်မ်ကတ် ကြော်ငြာသည်လည်း မြန်မာဘာသာဖြင့်ပင် ရေးသားထားကို တွေ့ရသည်။ True Move ကုမ္မဏီတွင် မြန်မာဝန်ထမ်းကို ခန့်ထားသဖြင့် မြန်မာဘာသာဖြင့် ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်ဟု ကြော်ငြာက ဆိုသည်။

အခမဲ့ ဝေငှနေသော ကတ်များကို ဆိုင်တွင် ၀ယ်ယူပါက တကတ်လျှင် ဘတ် ၅၀ ခန့် (၂ ဒေါ်လာခန့်)ကုန်ကျမည် ဖြစ်သည်။

ညွှန်း - မိုးမခ http://moemaka.com/
---

3 comments:

  1. အခု ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီးအပါအ၀င်၊မိုဘိုင်းကအင်ဂျင်နီယာချုပ်ဦးသိန်းဝင်း၊ဦးဇော်မင်းဦးတို့တကယ်မသိတာလား၊မသိချင်ယောင်ဆောင်နေကျတာလား?2013 DEC,မှာSEA GAME လာတော့မယ်၊အဲဒီအချိန်ထိSIM တကတ်ကို ဒေါ်လာ ၂၀၀ ဘဲဖြစ်နေရင် အိမ်နီးချင်း၊လာအို၊ကမ္ဘောဒီးယား၊အရှေ့တီမော တို့ကိုအဲဒီ(ဆသရ)ကသက်ဆိုင်သူတွေအားလုံးအဖေလို့သာခေါ်လိုက်ကြပေတော့!ရှက်စရာလည်းအရမ်းကောင်းပါတယ်၊သူများနိုင်ငံတွေမှာ ဒီလိုတွေဖြစ်နေတာပြည်သူတွေတရပ်လုံးသိတယ်၊ကိုယ်မလုပ်နိုင်ရင်ထွက်သွားလိုက်ပါ၊လုပ်နိုင်တဲ့သူတွေလုပ်သွားပါလိမ့်မယ်၊ဒီလောက်ပြောရင် သဘောပေါက်!

    ReplyDelete
  2. ကမ္ဘာမှာSIM ကတ်တကတ်ကိုဒေါ်လာ ၂၀၀ ပေးရတာကျနော်တို့နိုင်ငံဘဲရှိပါတော့တယ်၊သမ္မတကြီးကိုတောင်းဆိုချင်ပါတယ်၊အရည်အချင်းမရှိတဲ့ပြည်ထောင်စုဝန်ကြီးအပါအ၀င်ဆက်သွယ်ရေးငှ့ာနတခုလုံးကိုမြေလှန်ပစ်လိုက်စေချင်ပါတယ်။

    ReplyDelete
  3. အပြောနဲ့နေရာယူတဲ့သူကတော့အပြောဘဲရှိမှာပေါ့ မြန်မာပြည်ဟာအဲဒီအပြောသမားတွေကြောင့်ဒုက္ခရောက်နေရတာ ပြောရင်ပြောတဲ့အတိုင်းလုပ်ပေးရင်တော့ကောင်းတာပေါ့

    ReplyDelete