Pages

Thursday, July 26, 2012

မြစ်သားမှာ ဘာကြောင့် ဆန္ဒပြကြသလဲ

မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့ စမာဆည် ဖျက်သိမ်းရေး ဆန္ဒပြမှု။
ဇူလိုင် ၂၅ (ဓာတ်ပုံများ – မန်းသားလေး / ဧရာဝတီ)


ဒေသခံတို့ရဲ့ အသံ

‘‘ဆည်ကနေ ဧက ဘယ်လောက်အတွက် ပေးတယ် ဘာညာနဲ့ ပြောနေတာတွေတော့ ရှိတယ်။ အဲဒါက စာထဲမှာပဲ အကျိုး သက်ရောက်မှု ရှိတာပါ။ လယ်သမားတွေက ဒီဆည်ကြီး ဆောက်ပြီးကတည်းက ရေ လုံလုံလောက်လောက် မရတော့ဘူး”
ဆန္ဒပြ ဒေသခံတဦး

‘‘ဒီ စမာဆည်ကြီး ဆောက်ပြီးကတည်းက တနှစ်တည်းမှာ ရေ နှစ်ခါ၊ သုံးခါ ကြီးတယ်။ ဆည်ကြီးက မြို့ရဲ့ ရေထွက်ပေါက် တောင်နဲ့ မြောက်ကို ပိတ်ထားတဲ့တွက် မိုးလေး နည်းနည်း ရွာတာနဲ့ ရေကြီးနေတာ”
မြစ်သား မြို့ခံ တဦး

‘‘ပန်းလောင်မြစ်ကို သဘာဝအတိုင်း ပြန်ပြီး စီးစေချင်တယ်။ သူ့ကို သဘာဝအတိုင်း စီးဆင်းအောင် မလုပ်ဘဲ စမာရေလွှဲ ဆည်ဆောက်ထားတော့ ရေကြီးတဲ့ ပြဿနာတွေ နှစ်တိုင်းပေါ်တယ်။ တခါ တခါ ရေကြီးပြီ ဆိုရင် မြို့လယ်ခေါင်အထိ ရေမြုပ်ပြီး ကလေးတွေနဲ့ အသက်ကြီးတဲ့ သူတွေ သေဆုံးရတာ မနည်းတော့ဘူး”
ဆန္ဒပြသူ တဦး


အာဏာပိုင်တို့ရဲ့ အသံ

“သဲထုတ် ရေတံခါးက တကယ်ပဲ ဒေသခံတွေအတွက် အသုံးမ၀င်ဘူးဆိုရင် ကျနော်တို့ ဖျက်သိမ်းပေးပါ့မယ်။ ဒီတနှစ်တော့ စောင့်ကြည့်ပေးပါ။ ဒီနှစ် မြို့ထဲ ရေမ၀င်စေရဘူးလို့ ကျနော် အာမခံပါတယ်”
မန္တလေးတိုင်း လယ်/ဆည် ညွှန်မှူး ဦးစိုးညွန့်


စမာဆည်ကြောင့် လူနေအိမ်များနှင့် စိုက်ပျိုးမြေများ ဆုံးရှုံးကြရသည့် ရွာများ

ညောင်ဝန်း၊ ကြံတော၊
ရွှေပေါ်ကျွန်း၊ ရွှေပေါ်ကုန်း၊
ဥသျှစ်ကုန်း၊ လက်ပံဆိပ်၊ သမတန်း

ပန်းလောင်မြစ် တလျှောက်ရှိ ယွေး၊ ကျွန်းလှ၊
ဘိက္ခူး၊ မယှက်၊
ရွာမုန်းကြီး၊ ရွှေအင်း၊ သျှင်ငယ်ကျ

No comments:

Post a Comment