Pages

Tuesday, July 24, 2012

ဂဠုန်ဦးစောရဲ့ ဂျပန်လမ်းညွှန်


ဂဠုန်ဦးစောရဲ့ ဂျပန်လမ်းညွှန် စာအုပ် ပြန်ထုတ်ပြီ လို့ ဒီကနေ့ထုတ် မြန်မာ့အလင်း သတင်းစာ ကြောငြာတခုမှာ တွေ့ရပါတယ်။

"ဂျပန်လမ်းညွှန် စာအုပ်တွင် ပါရှိသည့် မြန်မာ့သမိုင်း၏ တန်ဖိုးမဖြတ်နိုင်သော အထောက်အထားများကို စာဖတ်ဝါသနာအိုးများ သမိုင်းသုတေသီများ သိရှိစေရန် အလို့ငှာ" ထပ်မံ ထုတ်ဝေတယ်လို့ ဆိုပါတယ်။

ရန်ကုန် fame publishing house က ဖြန့်ပါတယ်။

အွန်လိုင်းမှာလည်း eBook လုပ်ထားတာ အခမဲ့ ဖတ်နိုင်ပါတယ်။

လိပ်စာက http://www.myanmarebooks.net/wp-content/uploads/2011/12/Galon-U-Saw-Japan-LanNyun.pdf ဖြစ်ပါတယ်။
မီဂါဘိုက် ၂၀ နီးပါး ရှိတာကြောင့် အင်တာနက်မြန်နှုန်းမြင့်မှ ဖတ်ရ အဆင်ပြေပါလိမ့်မယ်။

myanmarbookshop အွန်လိုင်းမှာလည်း 17.50 USD နဲ့ ၀ယ်ဖတ်နိုင်ပါတယ် တဲ့။

http://www.myanmarbookshop.com/MyanmarBooks/BookDetails/23520 မှာ တွေ့ရတဲ့ စာအုပ်အကြောင်း အချက်အလက်တွေက ဒီလိုပါ -

ဂဠုန်ဦးစောကိုယ်တိုင် ရေးသားခဲ့သည့် ဂျပန်လမ်းညွှန်

17.50 USD
Author(s): ဂဠုန်ဦးစော
Category: ခရီးသွား၊ ပထ၀ီဝင်
No of Pages: 198
Binding: Paperback
Publication Month Year: Jun-2012
Size: 14 cm x 21 cm

Description: ဂဠုန်ဦးစော၏ ဂျပန်သွားမှတ်တမ်းစာအုပ် ဖြစ်သည်။ ဂျပန်မသွားခင် ရန်ကုန်၌ ပြင်ဆင်ပုံ၊ ရန်ကုန်မှ စင်ကာပူသို့ လမ်းခရီး အတွေ့အကြုံ၊ ဟောင်ကောင်မှ ရှန်ဟဲသို့ အတွေ့အကြူံ၊ ဂျပန်နိုင်ငံတွင် နေထိုင်စဉ်ကာလအတွင်း တွေ့ကြုံခဲ့ရသည်များကို စာအုပ်တွင် စေ့စုံစွာ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ခရီးသွားအတွေ့အကြုံများသာမက သက်ဆိုင်ရာ နိုင်ငံများ၏ ကာကွယ်ရေးစနစ်၊ နိုင်ငံရေးစနစ်၊ သယ်ယူပို့ဆောင်ရေးစနစ်၊ ငွေကြေးစနစ်၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ ထိုနိုင်ငံများ၌ နေထိုင်စဉ်အတွင်း နိုင်ငံရေးသမားများ၊ အုပ်ချုပ်ရေးပိုင်းမှ ထိပ်ပိုင်းပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ပုံများကိုပါ ဗဟုသုတဖြစ်ဖွယ် ထည့်သွင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။

နမူနာ တမျက်နှာ ဖတ်ကြည့်ပါအုံး


3 comments:

  1. ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဦးစောဟာလည်း အရင်က လူတော်တစ်ယောက်ပါ။ ဒီစာအုပ်အတွက် ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. ဘာကျေးဇူးတင်တာလဲကွ ဗိုလ်ချုပ်တို့ကိုသတ်တဲ့လူသတ်ကောင်အရူးရေးထားတာတွေကဘာတွေများဘယ်လောက်ကောင်းနိုင်မှာလဲ။ ဘာတွေများတော်နေတာလဲကွ။ ဒီစာအုပ်ကိုဝယ်လိုက်တဲ့ပိုက်ဆံတွေကငစောရဲ့မျိုးဆက်တွေဆီရောက်သွားမှာသေချာတယ်။ ငါကတော့ဒင်းနာမည်ကြားတိုင်းရင်နာတယ်။

    ReplyDelete
  3. ဦးစောရေးတဲ့စာအုပ်ကို ပိုက်ဆံပေးဝယ်ရမယ် ပြီးတော့ဖတ်ရမယ် ပြီးတော့သေချာသိမ်းထားရဦးမယ်လို့ဆိုတော့ စိတ်ထဲတစ်မျိုးပဲ။ ဖြစ်နိုင်ရင်တော့ မဝယ်ချင်ဘူး မဖတ်ချင်ဘူး ပြီတော့ သိမ်းမထားချင်ပါဘူးဗျာ။ သူ့ကိုမြင်ရင် ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေကိုသတိရတယ် ရင်နာရတယ် ရင်နင့်ရတယ်ဗျာ။ သူ့စာအုပ်ကဘယ်လောက်ပဲအရေးအသားကောင်းကောင်း ဒီစာအုပ်ဖတ်နေရင်းသူ့မျက်နာကိုတော့မြင်ယောင်နေရမှာသေချာပါတယ်။ မမြင်ချင်တော့ပါဘူး။ ဒီတစ်သက်သူ့အကြောင်းဘာမှကိုမကြားချင်တော့ပါဘူး။ နေဝင်းနဲ့သန်းရွှေ လက်ထဲတိုင်ပြည်ဖျက်ခွင့်ပေးလိုက်ရတာသူ့ကြောင့်ပါ။ ဒီခံစားချက်ကမြန်မာနိုင်ငံသားတိုင်း တိုင်းပြည်ချစ်သူတိုင်း အခွင့်ထူးခံမဟုတ်သူတိုင်း လူ့အခွင့်အရေးကိုမြတ်နိုးသူတိုင်း သေချာပေါက်ခံစားကြတဲ့ တစ်သက်စာခံစားချက်တွေပါပဲ။ ဦးစောကို အသံမျှမကြားလိုတော့ပါခင်ဗျား။

    ReplyDelete