Pages

Tuesday, July 31, 2012

ကာတွန်း ဦးသော်က အမှတ်တရ ပြပွဲကျင်းပ


၂၀၀၅ ခုနှစ်က ကွယ်လွန်သွားရှာပြီဖြစ်သော ဆရာ ကာတွန်းသော်က (အရိုင်း) အမှတ်တရပြပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းရှိ Gallery ၆၅ တွင် ဇူလိုင်လ (၂၇) ရက်နေ့မှ စတင်ကျင်းပလျှက်ရှိပြီး ယနေ့ ပြပွဲက နောက်ဆုံး နေ့ ဖြစ်ကြောင်း သိရပါတယ်။


ယင်း အမှတ်တရ ပြပွဲတွင် ဆရာသော်က ရေးဆွဲခဲ့သော ရေဆေး ကာတွန်း မူရင်းလက်ရာများ၊ လူကြိုက်များ ခဲ့သော အရိုင်း ကာတွန်း စာအုပ် မူရင်း လက်ရာများ၊ ပုံကြမ်း အဆင့်အဆင့် ရေးဆွဲခဲ့သော လက်ရာများ၊ ဆရာ သော်က ရေးဆွဲခဲ့သော နာမည်ကြီး ကြော်ငြာ မူရင်း လက်ရာများ စသည်တို့ကို ပြသထားကြောင်း သိရှိရပါတယ်။



ပြပွဲ ဝင်ကြေးမှာ အခမဲ့ ဖြစ်ပြီး အဆင်မပြေဖြစ်နေတဲ့ ဆရာမိသားစုကို အကူအညီပေးရန် အတွက် ကာတွန်း သော်က ကာတွန်းလက်ရာများနှင့် အမှတ်တရ တီရှပ်များကို ရောင်းချပေးလျှက် ရှိကြောင်း CJMyanmar မှ သိရှိရပါတယ်။




သတင်း၊ ဓာတ်ပုံ: CJM-583
ရန်ကုန်၊ ဇူလိုင်-၃၁

No comments:

Post a Comment