အခုအခါမှာ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ် အသီးသီးတို့က ကိုယ်တိုင်သော်လည်းကောင်း၊ တာဝန်ယူ လှူဒါန်းပေးသူများကတဆင့်သော်လည်းကောင်း ပေးအပ် လှူဒါန်းမှုများ ပြုလုပ်နေပါတယ်။
ဒီအထဲမှာ ယမန်နေ့ကတော့ Look East Organization (Myanmar) အဖွဲ့က ဘာသာပေါင်းစုံ လူမှုကူညီရေးအသင်းသို့ ရခိုင်ဒုက္ခသည်များအတွက် ငွေကျပ် ၆ သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။
အလှူငွေကို ပြင်ဦးလွင် ဘ၀ အလင်းရောင်ဆရာတော်မှ လက်ခံရယူကာ ရခိုင်ဒုက္ခသည်များကို လှူဒါန်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

No comments:
Post a Comment