Pages

Friday, August 31, 2012

ပြည်ပရောက် အထင်ကရ ၃ ဦးရဲ့ မြန်မာပြည်ခရီး

~



ပြည်ပရောက် ထင်ရှားတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၃ ဦး ဒီကနေ့ ရန်ကုန်မြို့ကို လေကြောင်းခရီးနဲ့ ရောက်ရှိသွားပါတယ်။

သူတို့ကတော့ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း၊ ကိုညိုအုန်းမြင့် (NLD-LA) တို့ ဖြစ်ပါတယ်။


ရန်ကုန်လေဆိပ်မှာ တွေ့ရတဲ့ ကိုညိုအုန်းမြင့်၊ ဒေါက်တာနိုင်အောင်၊ ဒေါက်တာသောင်းထွန်း (ဓာတ်ပုံများ - ဦးလှမောင်ရွှေ Facebook)

သတင်းထောက်တွေ ၀ိုင်းနေတဲ့ ကိုညိုအုန်းမြင့်၊ ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်


သူတို့ကို ကြိုဆိုသူများထဲမှာ လူရွှင်တော်ကြီးဇာဂနာကိုလည်း တွေ့ရပါတယ်။

(လေဆိပ်ရောက်သတင်းထောက်များကို လူရွှင်တော်ဇာဂနာ ပြောဆိုတဲ့စကားဟာ ကြမ်းတမ်းလွန်းတယ်လို့ သတင်းသမားတချို့က Facebook မှာ ရေးနေကြပါတယ်)


ခရီးစဉ်အတွင်း အစိုးရပိုင်းနဲ့လည်း တွေ့မယ်၊ တခြား နိုင်ငံရေးအင်အားစုများနဲ့လည်း တွေ့မယ်လို့ သိရပါတယ်။


~
~

2 comments:

  1. ဘာဖြစ်လို့ ဇာဂနာပြောတဲ့စကားကို ဖောက်သည်မချနိုင်ရတာလဲဗျ။ ဟင်းခွက်ပြပြီး နောက်ဖက် ပြန်ဖွက်ထားတာနဲ့ တူမနေဘူးလား။ သတ္တိမရှိရင်လဲ နဂိုကတည်းက ထည့်မရေးနဲ့ပေါ့။ အင်း၊ ဧရာဝတီ ဆိုတော့လဲ သတ္တိမရှိဘူးပြောရမှာက အခက်။ ဇာဂနာ့ပါးစပ်က ထောင်တန်တဲ့ပါးစပ်မို့ အချုပ်လောက်ပဲ လုပ်ပါဗျာလို့ ထောက်ခံပေးနိုင်မလားလို့ပါ။

    ReplyDelete
  2. အထင်က၇မဟုတ်ပါဘူး....နှိုင်ငံေ၇းလုပ်စားနေတဲ့သူတွေပါ...မသိ၇င်ခက်မယ်

    ReplyDelete