Pages

Wednesday, September 19, 2012

ဓားစာခံတွေကို လွှတ်လိုက်ပါ တဲ့


~




ဝါရှင်တန်မြို့တော် United States Institute of Peace ဆွေးနွေးပွဲရောက် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံများ - Lalit K Jha / PTI)

နိုင်ငံရေး အကျဉ်းသား တယောက်မကျန် လွှတ်ပေးဖို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

အမေရိကန်ခရီးစဉ်အတွင်း ၀ါရှင်တန်မြို့ကို အင်္ဂါနေ့က ရောက်ရှိစဉ် တက်ရောက်ခဲ့တဲ့ ဆွေးနွေးပွဲတခုမှာ မိန့်ခွန်းပြောနေစဉ်မှာ အဲဒီအချက်ကို ထည့်ပြောလိုက်တာပါ။

ဆွေးနွေးပွဲက အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့ (United States Institute of Peace)ရဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။

“တကယ့် အစစ်အမှန် ဒီမိုကရေစီ တည်ဆောက်တာလို့ ရှင်တို့ပြောမယ်ဆို နိုင်ငံရေးအကျဉ်းသား တယောက်တောင် ရှိမနေသင့်တော့ဘူး” လို့လည်း ဆိုပါတယ်။

မြန်မာပြည်နိုင်ငံရေးမှာတော့ ထောင်ထဲက နိုင်ငံရေးသမားတွေဟာ ဓားစာခံလိုပါပဲ။
အစိုးရက သူတို့ကို ခွဲခွဲပြီး လွှတ်နေပါတယ်။

ဦးသိန်းစိန်ကြီး အမေရိကန်မသွားခင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း
အကျဉ်းသား ၅၀၀ ၀န်းကျင်ကို
လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ပါတယ်။
အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား လို့ အတိုက်အခံတို့က သတ်မှတ်ထားသူ အရေအတွက် ၁၀၀ နီးပါး ပါဝင်တယ်လို့ သတင်းတွေမှာ တွေ့ရမှာပါ။

အစိုးရရဲ့ လုပ်ရပ်ကတော့ ဥာဏ်ရှိတယ်လို့ ဆိုရပါမယ်။
နိုင်ငံရေးအကျဉ်းသား အားလုံးကို တကြိမ်တည်း လွှတ်လိုက်ရင် တကြိမ်ပဲ ချီးကျူးခံရမှာပါ။

အကြိမ်ကြိမ် ခွဲခွဲပြီး လွှတ်နေတော့ အကြိမ်ကြိမ် ချီးကျူးခံနေရပါတော့တယ်။

ဗိုလ်ချုပ်ကြီးတွေ တော်လွန်းပါတယ်။ ဒီလို တော်လွန်းလို့လည်း နိုင်ငံကို နှစ် ၅၀ ကျော်ကြာ အုပ်ချုပ်နိုင်တာလို့ ဆိုရပါတော့မယ်။







ဆက်စပ်

ပိတ်ဆို့မှု ဖယ်ရှားရေး ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ





-

No comments:

Post a Comment