Pages

Tuesday, September 18, 2012

ဦးသိန်းစိန်က မီးစိမ်းပြပြီ၊ သို့သော် ...

~


http://t3.gstatic.com/images?q=tbn:ANd9GcTHu-D9JtYZaKXTTlOMYgyTTMAy5GbdTb1tNSH3PxOBwFN4kXI&t=1
အာရှဒေသအရေး အထူးပြုလေ့လာတဲ့ သတင်းစာဆရာ ဘာတေးလ်လင့်တနာ (Bertil Lintner) က အမည်မည်းစာရင်းဝင် မဟုတ်တော့တဲ့အတွက် နောက်နှစ်ပတ်လောက်ဆိုရင် မြန်မာပြည်သွားမယ်လို့ ဧရာဝတီကို ပြောခဲ့ဖူးပါတယ်။

အခု သူပြောတဲ့ နှစ်ပတ် ပြည့်သွားပါပြီ။ သို့သော်လည်း သူ မြန်မာပြည် မသွားရသေးပါဘူး။

သူဗီဇာလျှောက်ထားတာ မရသေးဘူးလို့ ဆိုပါတယ်။

ဟိုတုန်းကတော့ အမည်မည်းစာရင်းဝင်မို့ ဗီဇာ မရ။ အခု ဒီစာရင်းထဲ မရှိတော့ပေမယ့် ဗီဇာ မရ။

သူ့လိုမျိုးပဲ - အမည်မည်းစာရင်းထဲက လွတ်မြောက်ပေမယ့် ပြည်ဝင်ခွင့်ပိတ်နေသူ သတင်းသမားမိတ်ဆွေများ ရှိတယ်လို့ သူက ဆိုပါတယ်။

သံရုံးကို မေးကြည့်တော့ ပြည်ဝင်ခွင့်တောင်းတဲ့ လျှောက်လွှာကို ၀န်ကြီး စစ်ဆေးနေတယ် ဆိုတဲ့အဖြေပဲ အီးမေးပို့လာတယ်၊ အခုတော့ အီးမေးတောင် ပြန်ပို့မလာတော့ဘူး တဲ့။

ဝန်ကြီးဆိုတာ ဘယ်ဌာနက၀န်ကြီးလဲတော့ အတိအကျ မသိရပါ။
သတင်းသမားတယောက် ပြည်ဝင်ခွင့်ရဖို့က ၀န်ကြီးဌာန နှစ်ခုသုံးခု မီးစိမ်းပြမရဟန်တူပါရဲ့။

ပြုပြင်ပြောင်းလဲရေးက သမ္မတဦးသိန်းစိန်တယောက်ပဲ လုပ်နေတာများလား။ ကျန်တဲ့ ၀န်ကြီးများက အပြောင်းအလဲ လိုက်မလုပ်ရင် ဦးသိန်းစိန်ကြီး နာမည်ပျက်နေပါအုံးမယ်။

မူရင်းသတင်းက http://www.irrawaddy.org/?slide=journalists-off-the-blacklist-but-still-cant-get-visas မှာ ဖြစ်ပါတယ်။




~

1 comment:

  1. စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံကြီးကား အပိတ်အဆို့အတားအဆီးတွေများလှပါလား။
    ဘယ်အရာမဆို ရာထူးလက်ရှိ စစ်ဗိုလ်ချုပ်ကြီး ၆-ဦးနဲ့ စစ်ဝတ်လဲထားတဲ့ ပုဆိုးတိုက်ပုံဝတ် ဗိုလ်ချုပ်ကြီးဟောင်း ၆-ယောက်တို့နဲ့ဖွဲ့စည်းထားတဲ့ ကာလုံဆိုတာကြီးက ထိန်းချုပ်ထားဆဲပါ။
    ဒီသတင်းထောက်က သတင်းကိုဘဲရေးမှာပါဗျ။ ဘာမှ ပိတ်နေစရာ မလိုပါဘူး၊ ဘိန်းကုန်သည်၊ မူးယစ်ရာဇာတွေတောင် ပြည်တွင်းကို တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်နေကြပြီဘဲ။

    ReplyDelete