Pages

Wednesday, September 19, 2012

နယူးဒေလီမှာကျင်းပတဲ့ ၀င်းမော်ဦးနေ့

၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကာလအတွင်း စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းတာတွေကြောင့် သေဆုံးသွားရတဲ့ မ၀င်းမော်ဦးအပါအ၀င် ရဟန်းရှင်လူပြည်သူတွေအတွက် အောက်မေ့ဂုဏ်ပြု အခမ်းအနားကို အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဒီနေ့မနက်မှာ ကျင်းပခဲ့ကြပါတယ်။




စစ်တပ်အာဏာသိမ်းလိုက်တဲ့အချိန်က ဖြစ်စဉ်တချို့အကြောင်း၊ မ၀င်းမော်ဦးရဲ့ အကြောင်းတို့ကို ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။

သမီးဆန္ဒအတိုင်း အမျှမဝေသေးဘူး

ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဦးနေ၀င်းဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာကို မကျေနပ်လို့ ရဟန်းရှင်လူတွေ လမ်းပေါ်ထွက်လို့ ဆန္ဒပြခဲ့တာကို စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် မ၀င်းမော်ဦးအပါအ၀င် ကျောင်းသူ ကျောင်းသားတွေ၊ ပြည်သူတွေ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။
............

No comments:

Post a Comment