Pages

Wednesday, September 5, 2012

ကိုထိန်းလင်းရဲ့ တောတွင်း၊ ထောင်တွင်းဆိုင်ရာ ပန်းချီပြပွဲ

ကိုထိန်လင်း နှင့် ဦးဟန်ညောင်ဝေ တို့ကိုပြပွဲတွင်တွေ့ရစဉ် ၊ ဓာတ်ပုံများ- ဂျေပိုင်- ဧရာဝတီ

ပန်းချီဆရာ ကိုထိန်လင်းရဲ့ ထောင်တွင်းနှင့် တောတွင်း အတွေအကြုံပန်းချီကားများပြပွဲ စက်တင်ဘာ ၄ ရက်
နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ရှိ ကမ်းနားလမ်းရှိ The Strand ဟိုတယ်တွင်ပြုလုပ်ခဲ့ပါတယ်။


မြောက်ပိုင်း ABSDF လို့ ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးမှာ ၁၉၉၁-၉၂ ခုနှစ်လောက်တုန်းက အထက်မြန်မာနိုင်ငံ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ထွန်းအောင်ကျော် နဲ့ ကျောင်းသားတွေ သတ်ဖြတ်ခံခဲ့ရတဲ့ အကြောင်း၊ ထောင်တွင်းကာလ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ ကိုထိန်လင်းက ရှင်းပြရင်း ပန်းချီပြပွဲမှာ မြင်ရတဲ့ ပန်းချီ ထိန်လင်းပါ။

ပန်းချီထိန်လင်းဟာ မြောက်ပိုင်း ABSDF မှာ ဖြစ်ခဲ့တဲ့ အချင်းချင်း စစ်ထောက်လှမ်းရေး လို့ စွပ်စွဲ သတ်ဖြတ်ခဲ့ တဲ့ ဖြစ်စဉ်အတွက် ဖမ်းဆီး ညှည်းပန်း နှိပ်စက်ခံခဲ့ရသူလို့ ဆိုပါတယ်။


ဒါကြောင့် သူ့အတွေ့အကြုံတွေနဲ့ ကွက်လွန်သွားသူတွေအတွက် သူ က သမိုင်းမှန်ပေါ်ပေါက်ရေးအတွက် အခုလို ပန်းချီပြပွဲမှာ ကျဆုံးသူများအတွက် ဂုဏ်ပြုစကားတွေ ပြောကြားသွားပါတယ်။




သူဟာ ယခင် စစ်အစိုးရလက်ထက်က စစ်ထောက်လှမ်းရေးတွေက ဖမ်းဆီးထောင်ချခဲ့လို့ အကျဉ်းထောင် အတွေ့အကြုံတွေကို ထင်ဟပ်ရောင် ရေးဆွဲ တင်ပြထားတဲ့ပန်းချီကားများကိုလည်း ဒီပန်းချီပြပွဲမှာ ပြသထား ပါတယ်။

No comments:

Post a Comment