Pages
▼
Thursday, September 6, 2012
ခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကို သမ္မတ နှုတ်ထွက်ခွင့် ပြု
ယနေ့ မြန်မာစံတော်ချိန် ည ၈ နာရီ သတင်းထုတ်ပြန်မှု တခုမှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ဖြင့် အမိန့် ကြေညာ ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အခုတလော လွှတ်တော်များနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး အကြား အငြင်းပွားမှုတွေ အရှိန်မြင့်နေ ချိန်မှာဘဲ အခု နောက်ဆုံးတော့ သမ္မတ ဦးသိန်းစိန်က အမိန့် အမှတ် ၂၉/ ၂၀၁၂ နဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဌနဲ့ ခုံရုံးအဖွဲ့ဝင်တွေရဲ့ သူတို့ သဘောဆန္ဒအလျောက် ရာထူး မှ နှုတ်ထွက်တောင်းဆိုထား မှုကို ခွင့်ပြုလိုက်ပါတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဦးသိန်းစိုး - ဥက္ကဋ္ဌ
(၂) ဒေါက်တာတင်အောင်အေး - အဖွဲ့ဝင်
(၃) ဒေါ်ခင်လှမြင့် - အဖွဲ့ဝင်
(၄) ဦးထွန်းကြည် - အဖွဲ့ဝင်
(၅) ဦးစိုးသိန်း - အဖွဲ့ဝင်
(၆) ဦးခင်ထွန်း - အဖွဲ့ဝင်
(၇) ဦးဆန်းမြင့် - အဖွဲ့ဝင်
(၈) ဦးမြင့်ကြိုင် - အဖွဲ့ဝင်
(၉) ဒေါ်မိမိရီ - အဖွဲ့ဝင်
တို့အား ခုံရုံးအဖွဲဝင် တာဝန်များက မိမိတို့ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ကို ခွင့်ပြုလိုက်ကြောင်း
ပုံ
သိန်းစိန်
နိုင်ငံတော် သမ္မတ ဟု လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
သမ္မတကြီးရဲ့ကြေငြာချက်ကိုကြိုဆိုပါတယ်။တဦးနဲ့တဦးငြင်းခုံနေကျတာပြီးကိုမပြီးနိုင်ဘူး။တိုင်းပြည်ကြီး တိုးတက်တဲ့လမ်းကြောင်းသွားနေတာ ဒီကိစ္စက အဟန့်အတားဖြစ်စေတယ်။သမ္မတကြီးကို အထူးဘဲကျေးဇူးတင်ပါတယ်။
ReplyDeleteGood decision !!!
ReplyDeleteမိမိ၏ရာထူးနှင့်အာဏာတည်မြဲရေးထက် အမှန်တရားဘက်မှ ရဲဝင့်ပြတ်သားစွာရပ်တည်သွားခဲ့သော ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များအား လေးစားသမှုဖြင့်ဂုဏ်ပြုဦးညွတ်လိုက်ပါ၏.....။ ကျန်းမာချမ်းသာစွာ ဖြင့်တိုင်းပြည်တာဝန်များကို ဆက်လက်ဆောင်ရွက်နိုင်ပါစေကြာင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျား ....။
ReplyDeleteI am very surprised by the Hluttaw which dared challenged the legitimacy of the Constitutional Tribunal of the Republic of the Union of Myanmar.
ReplyDeleteNow, I have learnt that our Hluttaw representatives need to study the law.
တိုင်းပြည်တိုးတက်ဖို့ အားတက်သရော လုပ်နေတဲ့အချိန်မှာ အကျယ်ကျယ် မငြိမ်းဖွယ်မဖြစ်ရအောင် ကြီးတဲ့အမှုကိုငယ်စေ ငယ်တဲ့အမှုကိုပပျောက်စေအောင် စေတနာထားပြီး အလျော့ပေးလိုက်တဲ့ သမတကြီးရဲ့စေတနာကို နားလည်လိုက်ရပါပြီ။
ReplyDeleteဘယ်သူသေသေ ငတေမာပြီးရောဆိုပြီး အလျော့ပေးတာတို့ အနစ်နာခံတာတို့ လုံးဝမရှိဘဲ ကိုယ့်အတွက်ဘဲကြည့်တဲ့ ပြည်သူအားလုံးကိုကိုယ်စားပြုပါတယ်လို့ဆိုတဲ့ ပြည်သူ့လွတ်တော်ကြီးရဲ့ စေတနာကိုလည်း တပြိုင်နက် နားလည်လိုက်ရပါပြီ။
ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ နှုတ်ထွက်ခိုင်းတယ်ဆိုတော့ မကျေနပ်တိုင်း နှုတ်ထွက်ခိုင်းနေရင် ဘယ်တော့မှ အဆုံးသတ်မှာလည်း၊ ခုံရုံးအဖွဲ့ဝင် ၃ ပုံ ၂ ပုံကိုလည်း လွှတ်တော် ၂ ရပ်ကရွေးချယ်တင်မြှောက်ထားတဲ့လူတွေပဲလေ၊ စီးချက် ၀ါးချက် မကိုက်တော့လို့လား။ အခုလို ငြင်းခုံပြီး ခုံရုံးအဖွဲ့ နှုတ်ထွက်သွားတော့ကော လွှတ်တော်ကော်မတီ၊ ကော်မရှင်တွေက ပြည်ထောင်စုအဆင့်ဖြစ်သွားရောလား၊ သေချာတာကတော့ နောက်ထပ်တက်လာမယ့် ခုံရုံးအဖွဲ့ ၉ ယောက်မှာ သမ္မတကြီးတင်မယ့် ၃ ယောက်ကိုဖယ်ဦးတော့၊ လွှတ်တော် ၂ ရပ်ကတင်မယ့် ၆ ယောက်ကတော့ ပြည်ထောင်စုအဆင့်ပါလို့ သတ်မှတ်တော့မှာပေါ့၊ အဲ့ဒီ့တော့ တရားစီရင်ရေး အာဏာကို လွှတ်တော် သဘောကျ ဖြစ်ရမယ်ပေါ့လေ။
ReplyDelete""မိမိ၏ရာထူးနှင့်အာဏာတည်မြဲရေးထက် အမှန်တရားဘက်မှ ရဲဝင့်ပြတ်သားစွာရပ်တည်သွားခဲ့သော ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များအား လေးစားသမှုဖြင့်ဂုဏ်ပြုဦးညွတ်လိုက်ပါ၏.....။ ကျန်းမာချမ်းသာစွာ ဖြင့်တိုင်းပြည်တာဝန်များကို ဆက်လက်ဆောင်ရွက်နိုင်ပါစေကြာင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျား ....။""
ReplyDeleteဒီစာလေးကို ထောက်ခံပါတယ် ...လွှတ်တော်ကို ဦးသိန်းစိန်အလျှော့ပေးလိုက်တဲ့ သဘောပဲ..လွှတ်တော်အတွင်းရှိ ကဲစိန်ကြီးများသိပ်လို့လဲဝမ်းသာမနေကျနဲ့အုံး...လူတိုင်းက စောင့်ကြည့်နေသည်ကို သတိလဲထားကျပါ။