Pages

Saturday, September 1, 2012

အမျိုးသားနှစ်ယောက်ရဲ့ ဖူးစာ

-




မင်္ဂလာပွဲအကြို (ဓာတ်ပုံ - ဘုန်းမြတ်ထူး) www.facebook.com/PhoneMyatHtoo

ထူးခြားတဲ့ဒီဓာတ်ပုံ Facebook ကို လွန်ခဲ့တဲ့ ၂ ရက်က ရောက်လာပါတယ်။ လက်ဆင့်ကမ်းနေကြသူ တထောင်ဝန်းကျင် ရှိနေပါပြီ။
အမျိုးသားနှစ်ဦး လက်ထပ်ပွဲလုပ်တော့မယ့် ပုံစံမျိုး ခန့်ခန့်ငြားငြား၊ ခမ်းခမ်းနားနား ရိုက်ကူးထားတဲ့ပုံပါ။
အမှန်တကယ်လည်း သူတို့ နှစ်ဦး လက်ထပ်တော့မယ်လို့ သိရပါတယ်။

ဘယ်သူတွေလဲ၊ ဘယ်တော့လဲ

တယောက်က မြန်မာပြည်က၊ တယောက်က စင်္ကာပူကလို့ ဆိုပါတယ်။
ဓာတ်ပုံဆရာကတော့ "real couple with Myanmar traditional wedding setting" ( မြန်မာ့ရိုးရာ မင်္ဂလာအခမ်းအနားနဲ့ တကယ့် စုံတွဲ) လို့ သူ ဖဘမှာ ရေးထားတာပါ။

"its pre-wedding, actually reception will be in dec" မင်္ဂလာပွဲအကြို ဓာတ်ပုံရိုက်ထားတာ၊ လက်ထပ်အခမ်းအနားကတော့ ဒီဇင်ဘာမှာ ဖြစ်လိမ့်မယ် တဲ့။

ကန့်ကွက်မှု

သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအကြို အလှရိုက်ဓာတ်ပုံကို ကြည့်ပြီး အများအပြားက ကန့်ကွက်ကြပါတယ်။ တယောက်က ဆိုရင် "မြန်မာ့ရိုးရာမင်္ဂလာပွဲသည် လိင်တူချင်းလက်ထပ်ရန်မဟုတ်...." လို့ မှတ်ချက်ချ ရေးထားပါတယ်။

ထောက်ခံမှု

လိင်တူ လက်ထပ်တာ ထောက်ခံတယ် လို့ ဓာတ်ပုံဆရာက ဆိုပါတယ်။
နောက်တယောက်ကတော့ Facebook မှာ အခုလို ရေးထားပါတယ်။
"တချို့က ငါးပိကြိုက်မယ်
တချို့က ငါးပိ မကြိုက်ဘူး
အဲဒီတော့ ငါးပိမကြိုက်တဲ့သူတွေက ငါးပိကြိုက်တဲ့သူတွေကို စိတ်ရောဂါသည် ဒါမှမဟုတ် စိတ်ဝေဒနာသည်လို့ သတ်မှတ်လို့ရလို့လား???
အဲဒီလိုပဲ သူ့လိင်စိတ်ခံယူမှုအရ သူ့ရွေးချယ်မှုကိုတော့ စိတ်ရောဂါတစ်ခုလိုသတ်မှတ်တာကတော့ သိပ်ပြီး ဘဝင်မကျဘူး

နောက်တစ်ချက်က အချစ်ဆိုတာ စိတ်ကထိန်းချုပ်နိုင်ရမယ်ဆိုတာက မသင့်တော်တဲ့အရာကိုပဲ ထိန်းရှုပ်ရမှာလေ
ဥပမာ မလွတ်လပ်သူ အရွယ်မရောက်သေးသူ စသဖြင့်ပေါ့
သူတို့ဘာသာ လွတ်လပ်သူအချင်းချင်း စိတ်တူသဘောတူ ချစ်ကြ ကြိုက်ကြ ယူကြတာကိုတော့ ဘာမှမပြောလိုပါ"

ဥပဒေ
လိင်တူ လက်ထပ်တာကို ကမ္ဘာ့ ဒေသတချို့မှာ တရားဝင်ခွင့်ပြုထားပါတယ်။
မြန်မာနိုင်ငံမှာရော ဘယ်လိုပါလဲ?
တယောက်က အခုလို မှတ်ချက်ရေးထားပါတယ် -
"သေချာတာက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေထဲတော့ မပါဘူး။
လိင်တူခြင်းလက်ထပ်ထိမ်းမြားဖို့အတွက် သီးသန့်ဥပဒေပြဌာန်းဖို့ လိုမယ် ထင်တယ်။
အရေးကြီးဥပဒေတွေ ဦးစားပေးနေရတဲ့ ဒီလိုအချိန်မျိုးမှာ ဒီကိစ္စ အသိအမှတ်ပြုဖို့အတွက် တော်တော်လေးလိုဦးမယ်..."

ဒီအကြောင်းအရာဟာ တချိန်မှာ လွှတ်တော်ထဲ ရောက်သွားနိုင်ပါတယ်။ သို့သော်လည်း အကြိတ်အနယ်ဆွေးနွေးတဲ့အခြေအနေကို ရောက်ဖို့ကတော့ အချိန်အတော်ကြာအုံးမယ်လို့ ယူဆရပါတယ်။

ဆက်စပ် ~

ရန်ကုန်၊ မန္တလေးမှာလုပ်မယ့် Gay Pride


ဂေး နဲ့  ကျန်းမာရေး

ဂေးအခွင့်အရေးနဲ့ သူတို့ အကြောင်း


Facebook မှာတွေ့ပြီး လက်ထပ်လိုက်ကြတဲ့ အမျိုးသား ၂ ဦး






-

6 comments:

  1. အသိဥာဏ်ပညာ၊ ဆင်ခြင်တုံတရား အာနည်းမှု စိတ်ခံစားမှု ပုံမှန်မဟုတ်သူတွေရဲ့ လုပ်ရပ်ပါ

    ReplyDelete

  2. ရာဇသတ်ကြီးဥပဒေမှာတော့သဘာဝနဲ့ဆန့်ကျင်ပြီးလိင်ဆက်ဆံရင်ပြစ်မှူ့မြောက်တယ်နော်ပုဒ်မ၃၇၇၊၃၇၆နဲ့သိပ်မကွာဘူး၊နိုင်ငံခြားအတုခိုးပြီလိုက်လုပ်ရင်တော့ယဉ်ကျေးမှူ့၊ဓလေ့ထုံးစံတွေဆိပ်သုဏ်းကုန်တော့မှာဘဲ၊မတော်မလျော်လုပ် ပြီးလူ့အခွင့်အရေးနဲ့ကိုင်မပေါက်ပါနဲ့

    ReplyDelete
  3. It is criminal.According to myanmar criminal art no. 377,b/c it is unnatural sexual behavior.

    ReplyDelete
  4. who say it is criminal?
    absolutely NOT.
    Marriage mean only sex?
    to whom who has homophobia, u should try to get proper education yourself first.

    ReplyDelete
  5. လိင်တူခြင်းလက်ထပ်တာကိုတော့ဘာကောက်ချက်မပေးလိုပါဘူး .. ဒီလိုပုံကိုမြင်ရတာကတော့မြန်မာ့ဓလေ့ထုံးတမ်းကိုဆော်ကားတယ်လို့မြင်မိပါတယ်

    ReplyDelete
  6. အားကျတယ်
    လိုက်မလုပ်ရဲဘူး
    31693068

    ReplyDelete