Pages

Friday, September 21, 2012

ဒီကနေ့ စတင်ရောင်းမယ့် iPhone 5 ကို စွဲလန်းသူများ


 လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက နယူးယောက်မြို့က စတိုးဆိုင်ရှေ့ တန်းစီစောင့်နေတဲ့  iphone ချစ်သူများ ၊ ဓာတ်ပုံများ- The Sun

ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ Apple ချစ်သူတွေက ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကမ္ဘာ တလွှား နိုင်ငံပေါင်း ၉ နိုင် ငံမှာရှိတဲ့ Apple စတိုးတွေ ကရောင်းချ မယ့် iPhone 5 ကို သူထက်ငါ အလျင် ရရေးအတွက် တန်းစီ စောင့်ဆိုင်းနေကြတာ မနေ့ ကတည်းကပါ။ 

 လန်ဒန်က Apple, iPhone ချစ်သူများ 
နယူးယောက်မြို့က တိုကျိုမြို့ထိ ကမ္ဘာတလွှား မြို့ကြီးတွေက Apple စတိုးဆိုင်တွေရှေ့မှာ iPhone 5 ကို ရူးသွပ်စွာ စောင့်ဆိုင်းနေသူတွေက လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ယာယီတဲတွေ ထိုးပြီးနေတဲ့ သူတွေတောင် ရှိပါသတဲ့။ 

 အခုလို လူတွေ တန်းစီစောင့်နေကြတာကလည်း ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီး တခုက နောက်ဆုံး 
ပေါ် စမတ်ဖုန်းကို ဒီကနေ့ ဒေသစံတော်ချိန် ၈ နာရီမှာ သက်ဆိုင် ရာ နိုင်ငံပေါင်း ၉ နိုင်ငံက Apple စတိုး ဆိုင်ကြီး ၃၄ ဆိုင်မှာ iPhone 5 ကို စတင် ရောင်းချပေးသွားမှာဖြစ်လို့ပါဘဲ။

သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့က Apple  , iPhone 5 စောင့်စားနေသူများ

  ဗြိတိန်မှာတော့ iPhone 5 ၊ 16 GB ကို စတာလင်ပေါင် ၅၂၉၊ 32 GB ကို စတာလင်ပေါင် ၅၉၉၊ 64 GB ကို စတာလင်ပေါင် ၆၉၉ ကျသင့်မယ်လို့ The Sun အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အခု ထွက် လာတဲ့ iPhone 5 က အရင်မော်ဒယ်တွေထက် ပိုလည်း ပါးလွှာ ပေါ့ပါးသလို 4G Network ကလည်း ပိုမြန် တယ်လို့ ဆိုပါတယ်။ 

အကောင်းဆုံး စမတ်ဖုန်းအဖြစ် လွန်ခဲ့တဲ့ သတင်းပတ်ကတည်းက ကြော်ငြာထားတာပါ။ သတင်းများအရ ပထမဆုံး ၂၄ နာရီ အတွင်း အွန်လိုင်းက ကြိုတင်မှာကြားမှုက ၂ သန်းထိ ရှိတာမို့ Apple က စံချိန်သစ် တင် ခဲ့ တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံ တိုကျိုက Apple, iPhone 5 ကို စောင့်စားနေသူများ 

  ဈေးကွက်တောင်းဆိုမှုက သိပ်ကြီးမားတာကြောင့် ဖောက်သည် iPhone ချစ်သူတော်တော် များများ အနေနဲ့ လာမယ့် အောက်တိုဘာလ အထိ သူတို့ မရနိုင်သေးပါဘူးတဲ့။ 

ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့တာ ကတော့ ကုမ္ပဏီအနေနဲ့ ပထမ ရက်အနည်းငယ်အတွင်းမှာဘဲ စမတ်ဖုန်း အလုံးရေ ၁၀ သန်း လောက်  ရောင်းချရလိမ့်မယ်၊ နောက် ခရစ်စမတ်ကာလ ထိရောက် ရင်တော့ ဖုန်း အလုံးပေါင်း သန်း ၅၀ ထိ ရောင်း ချရ လိမ့်မယ်လို့ ဆိုပါတယ်။

  တိုကျိုက iPhone 5 စောင့်စားနေသူများ 
နယူးယောက်၊ ဆစ်ဒနီ၊ တိုကျို၊ လန်ဒန် မြို့ကြီးတွေရဲ့ Apple စတိုးဆိုင်တွေရှေ့မှာ Apple ချစ်သူတွေရဲ့ တဲတွေက နေရာ ယူထားတာကို သတင်းစာမျက်နှာတွေမှာ ဝေေ၀ဆာဆာဖော်ပြနေကြပါတယ်။ 

အခုလို ကြိုတင်မှာယူမှု ကြောက်ခမန်း လိလိများလွန်းတာကြောင့် Apple ရဲ့ ရှယ်ယာဈေးတွေလည်း ခုန်တက် သွားတယ်လို့ ဆိုပါတယ်။ 





1 comment:

  1. Shouldn't they use their times and energies for other worthy good-causes, instead of wasting like this?

    This is just plain craziness indeed!

    ReplyDelete