Pages

Wednesday, October 31, 2012

CNG ကား ပိုင်ရှင်တွေ ဖတ်ရမယ့် သတင်း


~



မြန်မာပြည်မှာ ကားတွေကို CNG  သဘာဝဓာတ်ငွေ့နဲ့ မမောင်းရတော့ဘူး လို့ ဆိုရမယ် ထင်တယ်။

CNG သုံး မော်တော်ယာဉ်များအတွက် လိုအပ်တဲ့ လိုင်စင်ကို အစိုးရက ထုတ်ပေးတော့မှာမဟုတ်ဘူး ဆိုပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အရာရှိတယောက်ကို ကိုးကားပြီး ဒီကနေ့ ဧရာဝတီ အင်္ဂလိပ်စာမျက်နှာ သတင်းတပုဒ်မှာ ရေးထားပါတယ်။

CNG သုံး ကားတွေထဲမှာ ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်တွေ ဖြစ်တဲ့ ဘတ်စ်ကားတွေ၊ တက္ကစီတွေ ပါဝင်ပါတယ်။

ယနေ့ စီးပွားရေးသတင်းဂျာနယ်က စွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြခဲ့ဖူးတာကတော့
ရန်ကုန်မှာ CNG အရောင်းဆိုင် ၄၀ ရှိတယ်၊ CNG သုံး မော်တော်ယာဉ်ကတော့ ၂၆,၀၀၀ ကျော် ရှိတယ် တဲ့။

အစပိုင်းမှာ ပြောခဲ့တဲ့ သတင်းကို ပြန်ဆက်ရရင် - CNG လိုင်စင် ထုတ်ပေးမှု ရပ်ဆိုင်းရခြင်း အကြောင်းရင်းက လျှပ်စစ်ဓာတ်အား အလုံအလောက် ပေးနိုင်ရေးအတွက် CNG ကို သုံးတော့မယ်၊ ဒါကြောင့် ကားတွေကို CNG မပေးတော့ပါလို့ ဆိုတယ်။

ကားတွေမှာ CNG မသုံးရင် ဘာသုံးမလဲ။ အောက်တိန်း သုံးမယ်၊ ဒီဇယ်သုံးမယ်လို့ ဆိုပါတယ်။

သတင်းအပြည့်အစုံကို http://www.irrawaddy.org/archives/17741 မှာ ဖတ်ရှုနိုင်တယ်။










-

No comments:

Post a Comment