Pages

Wednesday, November 21, 2012

အကျဉ်းသားလွှတ်မှု AI ကြို၊ နိုင်/ကျဉ်း အားလုံးလွှတ်ရန် ပြော



 အိုဘားမား လာခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့ အင်းစိန်ထောင် မြင်ကွင်း၊ ဓာတ်ပုံ- သာလွန်ဇောင်းထက်
 
အကျဉ်းသားများ လွှတ်ပေးမှုကို ကြိုဆိုခဲ့သော်လည်း ယုံကြည်ချက် အကျဉ်းသား အားလုံး ပြန်လွှတ်ပေး သင့်ကြောင်း Amnesty International – AI က ယမန်နေ့က ပြောဆိုလိုက်ပါတယ်။ 


နိုင်ထက်စီးနင်း ထိမ်းသိမ်းခံခဲ့ရတဲ့ ဦးမြင့်အေးနဲ့ စောကျော်ကျော်မင်းတို့ ပါဝင်တဲ့ ယုံကြည်ချက် အကျဉ်း သား ၅၀ ကျော်ကို သမ္မတ အိုဘားမား မြန်မာ ပြည်ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့က လွတ်ငြိမ်းခွင့်ပေးလွှတ်ပေးတာဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် နောက်ထပ် ခြေတလှမ်း ထပ်တိုး လိုက် တာဖြစ်တယ်လို့ AI ရဲ့ အာရှ ပစ္စဖိတ်ဒေသ ဆိုင်ရာလက် ထောက် ညွှန်ကြားရေးမှူးဖြစ်သူ အစ္စဘဲလ်လာ က အာရဒွန်က ဆိုပါတယ်။ 

 “ဒါဟာ အပေါင်းလက္ခဏာတခုဖြစ်နေပြီဆိုရင် ကျွန်ုပ်တို့က သံတိုင်နောက်ကွယ်မှာ အကျဉ်းကျခံနေရတဲ့ ယုံကြည်ချက် အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာ တာဝန်ရှိသူတွေကို တိုက်တွန်းပါတယ်” လို့ အစ္စဘဲလ်လာက ပြောပါတယ်။ 

ရှေ့နေ စောကျော်ကျော်မင်းကိုလည်း ရှေ့နေလိုင်စင် ပြန်ပေးသင့်ပြီး အလားတူ ပြန်လည် လွတ်မြောက် လာကြတဲ့ လူ့ အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေးစတဲ့သူတွေအပေါ် ကန့်သတ်မှုတွေ မထားပဲ ခြွင်းချက်မဲ့ လွှတ်ပေးတာသာဖြစ်ဖို့ လိုတယ်လို့ သူက ထောက်ပြပါတယ်။ 

အိုဘားမား မြန်မာပြည် မစတင်ခင် နာရီပိုင်းအလိုမှာ မြန်မာ အစိုးရရဲ့ လုပ်ဆောင်နေမှုများနဲ့ လုပ်ငန်းစဉ် တခု ကြေညာခဲ့ ရာမှာ အကျဉ်းသားကိစ္စ ထည့်သွင်းပြောဆိုထားပြီး လာမယ့် ဒီဇင်ဘာလမှာ သေချာ စိစစ်မှုတွေလုပ်ပြီး ကိုင်တွယ်ဖြေရှင်း သွားမယ်လို့ ဆိုထားပါတယ်။ 

 ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က AI ကနေ မြန်မာအစိုးရဆီကို အိပ်ဖွင့်ပေးစာ ပေးခဲ့ရာမှာ အကျဉ်းသား 
တွေနဲ့ ပတ်သက်ပြီး လက်ရှိယန္တရားစနစ်ကို ပြန်လည် ဆန်းစစ်ဖို့ လိုတယ်ဆိုတာ ထည့်သွင်းဖော်ပြခဲ့ပါ တယ်။

No comments:

Post a Comment