Pages

Saturday, November 17, 2012

ရခိုင်ပြည်ကိစ္စ ဖမ်းဆီးထားသူ တထောင်ကျော် ရှိ

~





 စစ်တွေမြို့တွင်းတွင်လုံထိန်းရဲများ ကင်းလှည့်နေသည်ကို အောက်တိုဘာ၂၇ ရက်နေ့တွင် တွေ့ရစဉ်
(ဓါတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

ရခိုင်ပြည်နယ် ပဋိပက္ခ စတင်ဖြစ်ပွားချိန်မှ စတင်ပြီး ဥပဒေချိုးဖော်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖမ်းဆီးအရေးယူနေတာ အခုထိ စုစုပေါင်း ၁၀၈၁ ဦးကို ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး ၉၄၀ ဦးကို ထိရောက်စွာ အရေးယူထားခဲ့ကြောင်း၊ ၁၄၁ ဦးကို ဆက်လက် အရေးယူဆောင်ရွက်ဆဲဖြစ်တယ်လို့ နိုင်ငံပိုင် သတင်း 
တွေက ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ကြေငြာပါတယ်။ 

ယမန်နေ့ကလည်း နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်က ဗုဒ္ဓဘာသာရဟန်းတော်တွေနဲ့ အစ္စလမ် ဘာသာရေး ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး အပြန်အလှန်ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ရာမှာ ၂ ဘက် ဘာသာရေး ခေါင်းဆောင်တွေက ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှုတွေ မထားရှိပဲ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး တည်ငြိမ်ရေးအတွက် တရားဥပဒေ စိုးမိုးရေးအတွက် လုံခြုံရေး အားကောင်းစေရေး၊ ထိရောက်စွာ ရေးယူမှုများဆက်လက် လုပ်ဆောင်ဖို့ တိုက်တွန်းဆွေးနွေးသွားကြပါတယ်။ 



အခုအခါ ဥပဒေ ကြောင်းအရ ထိရောက်စွာ အရေးယူမှုတွေ လုပ်ဆောင်နေတာကို နောက်ဆက်တွဲ သတင်းများမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။



















-

No comments:

Post a Comment