Pages

Sunday, November 4, 2012

မြန်မာ့ ငြိမ်းချမ်းရေး ဥရောပ ထောက်ပံ့ကူညီမှု လက်မှတ်ထိုး

ဥရောပ ကော်မရှင် ဥက္ကဌနှင့် သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းတို့ သဘောတူ လက်မှတ် ရေးထိုးအပြီး၊ ဓာတ်ပုံ- ကြေးမုံသတင်းစာ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဥရောပ ကော်မရှင် ဥက္ကဌ Mr. Jose’ Manuel Barroso နဲ့ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းတို့ဟာ မြန်မာနိုင်ငံမှာ ရေရှည် ငြိမ်းချမ်းရေး ဖြစ်ထွန်းစေဖို့ လက်တွဲဆောက်ရွက်သွားမယ့် အကြောင်း သဘောတူ လက်မှတ်ရေးထိုးကြပါတယ်။ 

ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဖော်ဆောင်ရေးအတွက် သမ္မတရဲ့အမိန့်နဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်း 
ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန ( Myanmar Peace Centre) အနေနဲ့ အားလုံးပါဝင်မယ့် ဘက်မလိုက်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး တရားမျှတမှု၊ တန်းတူညီမျှမှုတွေနဲ့ အညီလုပ်ဆောင် သွားမယ်လို့လည်း ဆိုထားပါတယ်။ 

ဥရောပ ဘက်က ကူညီထောက်ပံ့မှုတွေ Myanmar Peace Centre ကို ပေးအပ်ဖို့ တာဝန်ခံဖြစ်တဲ့ ဦးအောင်မင်းနဲ့ အခုလို သဘောတူ လက်မှတ်ရေး ထိုးတာလည်းဖြစ်ပါတယ်။

No comments:

Post a Comment