Pages

Saturday, November 17, 2012

“ရွှေရောင် စာမျက်နှာများ”

 ဓာတ်ပုံ - အေးချမ်းမြေ့ (ဧရာဝတီ)

ကွယ်လွန်သူ ပန်းချီ ဆရာကြီးများ ဖြစ်ကြတဲ့ ပန်းချီ စံတိုး၊ ပန်းချီ တင်မောင်မျင့်၊ ပန်းချီ မောင်မောင်သိုက်နဲ့ ပန်းချီ ဝသုန်တို့ရဲ့ “ရွှေရောင် စာမျက်နှာများ” လို့ အမည်ရတဲ့ ပန်းချီပြပွဲကို ဒီနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ ကနေ ၂၁ ရက်နေ့အထိ ရန်ကုန် ပန်းဆိုးတန်းမှာရှိတဲ့ လောကနတ် ပန်းချီပြခန်းမှာ ကျင်းပနေပါတယ်။
 

အဆိုပါ ပန်းချီဆရာကြီးတွေရဲ့ လက်ရာတွေဟာ မြန်မာ့ ပန်းချီလောကမှာ ရှေ့တန်းကနေ ပန်းချီအနုပညာ ရသ  ပြူတင်းတံခါးတွေကို ဖွင့်လှစ်ထားပြီး မြန်မာ့ ပန်းချီ ဧည့်ခန်းမဆောင်များအဖြစ် သမိုင်းမှတ်တိုင် ရှိကြ တာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment