Pages

Monday, November 5, 2012

ကြော်ငြာကာတွန်း


~




ဒီနေ့ သတင်းစာတစောင်မှာ တွေ့ရတဲ့ အားကစားဂျာနယ် ကြော်ငြာ ဖြစ်ပါတယ်။ 

ကိုယ့်ရဲ့ထွက်ကုန်ကို မှတ်မိအောင်၊ အနည်းဆုံး ကိုယ့်ကြော်ငြာကို လူကြည့်အောင် နည်းမျိုးစုံ ဆွဲဆောင်နေတဲ့ထဲမှာ ကာတွန်းနဲ့ ကြော်ငြာနည်းလည်း တခု အပါအ၀င်ပါပဲ။

စာရေးဆရာကြီး မောင်မိုးသူကတော့ ကြော်ငြာကောင်းရင် စွဲတော့တာပဲ လို့ ရေးခဲ့ဖူးပါတယ်။

 သူ စွဲခဲ့ဖူးတဲ့ထဲမှာ ထီဆိုင်တခုလည်း ပါဝင်ပါတယ် တဲ့။


ကာတွန်းဦးဘဂျမ်းရဲ့ လက်ရာ ထီဆိုင်ကြော်ငြာနဲ့ ပတ်သက်ပြီး ဆရာမောင်မိုးသူက -  ရန်ကုန်ကိုလာ။ အောင်ဆုပန်ဆိုင်ကို ရှာ၊ ထီထိုးရတာ အမောပေါ့ လို့  ဆောင်းပါးတပုဒ်မှာ ရေးခဲ့ပါတယ်။

ကာတွန်းဆရာကြီးတွေရဲ့ ပုံဖော်ချက်ကြောင့် ဒီကြော်ငြာတွေက စားသုံးသူ ဖောက်သည် ပရိသတ်များအတွက် ဖျော်ဖြေရေးလည်း ဖြစ်နေပါတော့တယ်။










- -

No comments:

Post a Comment