Pages

Thursday, November 29, 2012

ပြင်ဦးလွင် တန်ဆောင်တိုင်





ပြင်ဦးလွင်  မဟာအံ့ထူးကံသာဆုတောင်းပြည့် ဘုရားပွဲကို တနင်္ဂနွေနေ့က စတင် ကျင်းပခဲ့ပါတယ်။

(ဓာတ်ပုံများ  - မန်းသားလေး/ဧရာဝတီ)
မေမြို့ သို့မဟုတ် ပြင်ဦးလွင်ရဲ့ အထင်ကရ
ဘုရားပွဲမှာ ထင်ထင်ရှားရှားတွေ့ရတာကတော့ ရောင်စုံမီးပုံးပျံများဖြစ်ပြီး တန်ဆောင်တိုင်ရဲ့ အစဉ်အလာအတိုင်း မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲ၊  ဆီမီးတထောင် ထွန်းညှိပူဇော်ပွဲတို့ ကျင်းပခဲ့တာလည်း တွေ့ရပါတယ်။

မီးပုံးပျံတွေက နေ့အရုပ်လှ ပြိုင်ပွဲ၊ ညမီးကျည်ပြိုင်ပွဲနှင့် စိန်နံပန် မီးပုံးပျံ ပြိုင်ပွဲတွေမှ လွှတ်တင်ကြတာပါ။

ဒီနှစ်  မီးပုံပျံ အရေအတွက် ၉၀  ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။

အခု တွေ့နေရတဲ့ ပုံများကတော့ အင်္ဂါ၊ ဗုဒ္ဓဟူး  (တန်ဆောင်မုန်းလဆန်း ၁၄/နိုဝင်ဘာ ၂၇ နဲ့ လပြည့်နေ့ နိုဝင်ဘာ ၂၈) ပွဲတော်မြင်ကွင်းများ ဖြစ်ပါတယ်။

မန္တလေးနဲ့ သိပ်မဝေးတဲ့ မေမြို့ရဲ့ တန်ဆောင်တိုင်ပွဲမှာ  ရပ်နီးရပ်ဝေးက ပရိသတ်အများအပြားကို တွေ့ခဲ့ရပါတယ်။

မေမြို့က မန္တလေးရဲ့ အရှေ့ဘက်မှာ ရှိပါတယ်။



မန္တလေးရဲ့ အနောက်ဘက် မုံရွာဒေသမှာ  သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်နေပေမယ့်လည်း အစဉ်အလာအရ ကျင်းပကြတဲ့ မေမြို့တန်ဆောင်တိုင်မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

 ပြိုင်ပွဲဝင်တဲ့  ၀က်ဝံသုံးကောင်
ပြိုင်ပွဲဝင်  နေ့အလှ မီးပုံးပျံတလုံး မီးလောင်ပျက်စီးသွားတဲ့ မြင်ကွင်း ဖြစ်ပါတယ်။ 



 ကြက်တူရွေးရုပ်နဲ့  ပြိုင်ပွဲဝင်နေစဉ်
 နေ့အရုပ်လှ မီးပုံးပျံပြိုင်ပွဲဝင် နွားရုပ်










 အေရှားဝေါလ်ကုမ္ပဏီက လွှတ်တင်တဲ့ ညမီးကျည်တလုံး







No comments:

Post a Comment