Pages

Thursday, November 29, 2012

ဘာကြောင့် အရေပြားတွေအထိ မီးစွဲလောင်ရသလဲ

~




ကျော်ခ ~

ကြေးနီစီမံကိန်း အကြမ်းဖက်ဖြိုခွဲမှုတွင် အာဏာပိုင်များက သပိတ်စခန်းများကို ကနဦးအနေဖြင့် မီးသတ်ပိုက်များနှင့် ထိုးခွဲခြင်း၊ လူထုချီတက်လာနိုင်မည့် လမ်းကြောင်းများနှင့် သပိတ်စခန်းများအတွင်း မျက်ရည်ယိုဗုံးများနှင့် ပစ်ခွဲခြင်း၊ မီးဗုံးများဖြင့် သပိတ်စခန်းများအတွင်း ပစ်ခွဲခြင်းများပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ အာဏာပိုင်အဖွဲ့များက သပိတ်စခန်းများအတွင်း “တွေ့တဲ့လူ အကုန်ရိုက် အကုန်ဖမ်း” ဟု ညာသံပေးကာ အုပ်စုလိုက် ဝင်ရောက်ရိုက်နက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း မျက်မြင်သက်သေများက ဧရာဝတီသို့ပြောသည်။

မီးလောင်ဒဏ်ရာရသွားတဲ့  ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ (သတင်းဓာတ်ပုံ- သလ္လာဝတီတိုင်မ်)
ယင်းသို့ပစ်ခတ်ဖြိုခွဲရာတွင် အသုံးပြုသော မီးဗုံးများမှာ ရေစိုနေသော အရာဝတ္ထုများနှင့် အသားအရေကို စွဲလောင်ခြင်းကို သပိတ်အဖွဲ့ဝင်များက နားမလည်နိုင်ဖြစ်ရကြောင်း မူလပက်ဖြန်းခဲ့သည့် ရေ သို့မဟုတ်၊ မီးဗုံးများတွင် ဓာတုပစ္စည်းများ ပါဝင်နိုင်ဟု သပိတ်အဖွဲ့ဝင်များက သံသယ ရှိနေကြသည်။

ယခု အကြမ်းဖက် ဖြိုခွဲမှုတွင် အသုံးပြုသော မီးလောင်ဗုံးမှာ ဖော့စ်ဖောရပ်စ် ပါဝင်သည့် မီးလောင်ဗုံးဖြစ်နိုင်သည်ဟု အငြိမ်းစား တပ်ကြပ်ကြီး တဦးက ပြောကြောင်း မုံရွာ အခြေစိုက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဧရာဝတီကို ပြောသည်။























-

2 comments:

  1. ဒုတ် ဒါး လက်နက်ပေါင်းစုံနှင့်ရွာလုံးကျွတ်မီးရှို့ လူများစွာသတ်ဖြတ်မှုဖြစ်သောလူအင်အားများစွာအကြမ်းဖက်ကြသောရခိုင်အရေးတောင်ကောင်းစွာအရေးယူမှုမလုပ်ဘဲငြိမ်းချမ်းစွာတောင်းဆိုသောရဟန်းပြည်သူကျောင်းသားများအပေါ်တွင်လူအင်အား လက်နက်အင်အားမမျှတစွာအလွန်အကျွံသုံးစွဲနှိမ်နင်းနေသောပြည်ထဲရေးရဲ့လုပ်ရပ်ကမည်သို့လဲ?မည်သည့်အတွက်ကြောင့်လဲ?မည်သူ့အတွက်လဲ?ပြည်သူတွေအားကိုးရာမဲ့ဘဝဖြစ်နေကြပြီလား?တရားဥပဒေဘယ်မှာလဲ?သမ္မတကြီးဘယ်မှာလဲ?

    ReplyDelete
  2. ၀န်ကြီးရုံးကကြေငြာထားတာတော့ မီးလောင်ဗုံးမသုံးပါတဲ့။ ဒါပေမယ့်ဓာတ်ပုံထဲမှာတော့ မီးလောင်နေတယ်။ ဆက်စပ်တွေးကြည့်ရင် ဆန္ဒပြတဲ့ ဦးဇင်းတွေ ဗျောက်အိုးဖောက်လို့ အဲဒီက မီးလောင်တာထင်တယ်။ ဦးဇင်းတွေကိုက ဆိုးပါတယ်။ ကျွန်တော်တို့ပြည်သူများကို ပညာမတတ် ဦးနှောက်မရှိတဲ့ စောက်ပေါတွေလို့ပဲ သဘောထားလိုက်ပါ။

    ReplyDelete