Pages

Friday, November 2, 2012

တရားသူကြီးတွေ ဖတ်ဖို့

~




ကြေးမုံသတင်းစာပါ ကြော်ငြာသတင်း

နေပြည်တော်နဲ့ အနီးတ၀ိုက်က တရားသူကြီးတွေ သတိထားဖို့ နေပြည်တော် တ၀ိုက်က တရားရုံးတွေမှာ ကပ်ထားတဲ့ ကြော်ငြာပါ။



နေပြည်တော် ကောင်စီနယ်မြေတွင်းမှာ လာဘ်ငွေတောင်းခံပါက တိုင်ကြားနိုင်ကြောင်း အခုလို ကြော်ငြာ ထားပါတယ်။ ကြော်ငြာမှာ ရေးထားတာကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

"အမှုများကို မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးမည်။ 
တရားရုံးဆိုင်ရာ လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့် အညီ 
ဆောင်ရွက်ပေးမည်ဖြစ်၍ လာဘ်ငွေပေးဖို့ မလိုပါ။  
လာဘ်ငွေတောင်းခံလာပါက တိုင်းဒေသကြီး တရားလွှတ်တော် 
 တရားသူကြီးချုပ် ရုံး ဖုန်း ( ၂၄၉၃၅ ) နှင့် ဖက်စ် (၃၃၄၂၄ ) ထံ တိုင်ကြားပါ။ 

 တရားသူကြီးချုပ် 

မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်

တရားသူကြီးတွေကို လာဘ်ပေးရန် မလိုတဲ့ အလားတူ ကြော်ငြာတွေကို တပြည်လုံးအတိုင်းအတာနဲ့ သက်ဆိုင်ရာ တိုင်း၊ ဒေသတွေအလိုက် အခုလို ကပ်ဖို့ သက်ဆိုင်ရာ တရားလွှတ်တော်ချုပ်တွေက တရားရုံး အသီးသီးကို ညွှန်ကြားထားပါတယ် တဲ့။ 
















-

5 comments:

  1. လာဘ်ငွေတော့ တောင်းမှာ မဟုတ်ဘူး။ မပေးရင်သာ အမှုကို ကြီးအောင်လုပ်မှာ

    ReplyDelete
  2.်တရားသူကြီးများ လပ်ငွေမတောင်းပါ။လပ်ငွေပေးစေရန်သာ စနစ်ကျကျလုပ်ဆောင်ပါသည်။

    ReplyDelete
  3. တရားသူကြီးများ လပ်ငွေမတောင်းပါ။လပ်ငွေပေးစေရန်သာ နည်းစုံသုံးပါသည်။

    ReplyDelete
  4. မတရားသူကြီးတွေငတ်တော့မယ်

    ReplyDelete
  5. အဲ့ဒီကြော်ငြာကပ်ဖို့အမှူ့သည်တွေဆီကလာဘ်တောင်းပါဦးမည်

    ReplyDelete