Pages

Saturday, November 17, 2012

တောင်ကြီးဒေသ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ

 ~




      ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~
(ဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူတဦးဖြစ်တဲ့ မဥမ္မာ)
 
        နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ များလာတဲ့ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးဒေသမှာ ဒီကနေ့ တွေ့ရတာကတော့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ပူးပေါင်း ဆောင်ရွက်သူများအဖွဲ့က ဒေါ်ခင်ဥမ္မာ နဲ့ တောင်ကြီး ဒေသခံတွေ ဆွေးနွေးမှု ဖြစ်ပါတယ်။

မနက်  ၉း၀၀နာရီခန့်က  Classic စားသောက်ဆိုင်ခန်းမမှာ လုပ်တဲ့ဆွေးနွေးပွဲကို တောင်ကြီးမြို့ရှိ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊  ပါတီများ၊ ဒေသခံလူငယ်များ အစရှိသည်တို့ တက်ရောက်ပါတယ်။

တောင်ကြီးခရိုင်ဒေသခံများက
- ဆီဆိုင်ဒေသ ဘိန်းစိုက်ပျိုးမှု့လျော့နည်းရေး၊
 -  ကျောက်နီ၊ ကလော မြို့နယ် သတ္တုတွင်း မိုင်းခွဲမှုအရေး၊  အောင်သပြေ ရှိတိုးဂိတ် ပြသနာ၊
- ရွှေညောင်၊ ညောင်ရွှေ လယ်မြေအရေး တို့အပြင်
 မုးယစ်ဆေးဝါး ပြသနာ၊  ပညာရေး၊  ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊  လူ့အခွင့်အရေး၊  ဥပဒေ ဆိုင်ရာ အသိပညာပေးမှု ကျယ်ပြန့်ရေး၊  လူငယ်နဲ့ စာပေ လေ့လာဖတ်ရှုမှု၊ ပညာအရည်အချင်းနဲ့ ထိုက်တန်တဲ့ အလုပ်ရရှိရေး နဲ့  အလုပ်လက်မဲ့ပြဿနာ၊  ပင်းတယမြို့  ဈေးကောက်ခ ပြဿနာ  စတာတွေ ပါဝင်ပါတယ်။

        ဒေါ်ခင်ဥမ္မာက မြန်မာနိုင်ငံမှာ စကားလုံးအရရော၊ ပုံစံအရရော ပြောင်းလဲနေတယ် ဆိုပေမယ့်    ပြည်သူတွေ မပါဝင်တဲ့ ပြောင်းလည်းရေးဟာ မမှန်ကန်နိုင်ကြောင်း၊ မပြည့်စုံနိုင်ကြောင်း၊ ပြည်သူတွေ အတူ ပူးပေါင်းပြီး ပါဝင် ဖြေရှင်းနိုင်မှသာ အဖြေ ထွက်နိုင်ကြောင်း ပြောပါတယ်။

  နိုင်ငံတကာငွေကြေး အထောက်အပံ့ တွေဟာလည်း ပြည်သူ့ဆီ ကို အရောက်ပေးအပ်ဖို့ လိုအပ်ပုံကိုလည်း သူက ဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၊ အာဆီယံ အခွင့်အရေး ယန္တရား၊  ကမ္ဘာ့ ဘဏ် နှင့် အာရှ ဖွံ့ဖြိုး ရေးဘဏ်တို့က မြန်မာ နိုင်ငံကိုပေးသော အကူအညီ အစရှိသော အကြောင်းအရာများလည်း ပါဝင်တယ်။

ဆွေးနွေးပွဲကို မနက်ဖြန် ဆက်ဦးမယ်လို့ သိရပါတယ်။

 


































-

No comments:

Post a Comment