Pages

Wednesday, November 14, 2012

ဖွဲ့စည်းပုံ ခုံရုံုး ဥပဒေကြမ်းနဲ့ အီလက်ထရောနစ် ဥပဒေ ဘာလဲ ဘယ်လဲ


ယခင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌ နှင့် အဖွဲ့ဝင်များ (ဓာတ်ပုံ – ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ၀က်ဘ်ဆိုက်)

အခြေခံ ဥပဒေ ခုံရုံးနဲ့ပတ်သက်တဲ့ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အများပြည်သူလေ့လာနိုင်ဖို့ နိုင်ငံပိုင် သတင်းစာတွေက အညွှန်း သတင်းဖော်ပြလာပါတယ်။ 

မကြာသေးခင်က လွှတ်တော်နဲ့ သမ္မတ အစိုးရအဖွဲ့တို့ရဲ့ အားပြိုင်ပွဲမှာ အခြေခံ ဥပဒေ ခုံရုံးက ဓားစာခံ 
ဖြစ်ခဲ့ရပြီး ခုံရုံး အဖွဲ့ဝင်တွေ နုတ်ထွက်ပေးခဲ့ရပါတယ်။ 

အခုတော့ ခုံရုံး ဥပဒေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာနဲ့ ဖြုတ်ပယ်တာတွေပါတဲ့ မူကြမ်းမှာတော့ လွှတ်တော် ၂ ရပ်ရဲ့ အားသာချက်တွေရှိနေတာ သတိထားမိပါတယ်။ 

ခုံရုံး အဖွဲ့ဝင်တွေကို သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့ ခန့်အပ်တဲ့ စနစ်မျိုးလည်း မဟုတ်တော့တာ သတိထားမိကြမှာ ပါ။ သမ္မတက ဒီ ဥပဒေအရ လွှတ်တော်ဘက်က အတည်ပြုချက်ကို ယူရတော့မှာဖြစ်ပါတယ်။ 

သေချာလေ့လာသင့်တဲ့ ဥပဒေကြမ်းပါပဲ။ 



တဆက်တည်းပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ရခိုင်ပြည်နယ်က ဒုတိယ အကြိမ် ပဋိပက္ခနဲ့ တိုက်ခိုက် မှုတွေ ဖြစ်နေခိုက် အီလက်ထရောနစ် ဥပဒေကြီး ပေါ်ထွက်ခဲ့တာကို သတိထားမိကြမယ်ထင်ပါတယ်။ 

အဲဒီ အီလက်ထရောနစ် အက်ဥပဒေအရ အင်တာနက်၊ အီးမေးလ်သုံးစွဲသူတွေဟာ အချိန်မရွေး အနည်းဆုံး
ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ကျခံနိုင်ရဖွယ်ရှိနေပါတယ်။ 

အင်တာနက်၊ တယ်လီဖုန်းလိုင်းတွေကို အသုံးပြုပြီး နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်ရင် ဒီ ဥပဒေနဲ့ ထောင်ဒဏ်၊ ငွေဒဏ်တွေ ကျခံသွားရမယ့် အဖြစ်ပါ။  

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး အစရှိတဲ့ ကျောင်းသား 
ခေါင်းဆောင်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ ၂၀၀၇ ခုနှစ်တုန်းက အီလက်ထရောနစ် အက် ဥပဒေ ဆိုတာကြီးနဲ့ အီးမေးလ် တစောင်ကို ထောင်ဒဏ် ၁၅ နှစ်နဲ့ အီးမေးလ် ၄ စောင်အတွက် ထောင် ဒဏ် နှစ်ပေါင်း ၆၀ ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။ 


အီလက်ထရောနစ် အက်ဥပဒေနဲ့ ထောင်ဒဏ်နှစ် ၆၀ ကျော် ကျခံခဲ့ရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ။ ဓာတ်ပုံ – 88 Generation Students 

အဆိုပါဖြစ်စဉ်ကို သတိရှိကြဖို့နဲ့ အီလက်ထရောနစ် အက်ဥပဒေကြီးနဲ့ပတ်သက်လို့ ဒီမိုကရေစီ ပြု 
ပြင် ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ ရှိသင့်သလား၊ မရှိသင့်ဘူးလားဆိုတာ 
တော့ မေးခွန်း ထုတ်စရာဖြစ်ပါတယ်။ 

အီလက်ထရောက်နစ် ဥပဒေဟာ ဒီအတိုင်းဆိုရင် ဘယ်သူတွေအတွက် ဘာလုပ်ဖို့လဲ ဆိုတာ အားလုံး သိပြီးဖြစ်မှာပါ။ 

No comments:

Post a Comment