Pages

Friday, November 16, 2012

ဇာတိမြေအင်းလေးကိုရောက်ခဲ့တဲ့ ၈၈ ကိုဂျင်မီ

~




ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

မွေးရပ်မြေ အင်းလေးကို ပြန်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက  ဗုဒ္ဓဟူးနေ့က ကျရောက်တဲ့ အင်းဆုံစည်းရာနေ့အခမ်းအနား အပြီးမှာ အင်းတိုင်းရင်းသား အများအပြားနဲ့ တွေ့ဆုံ စကားဝိုင်းဖွဲ့ခဲ့ပါတယ်။


အဲဒီနေ့ နေ့ခင်း ဖောင်တော်ဦး ကျောင်းတော်မှာရှိတဲ့  ဖောင်တော်ဦး ကုန်းဓမ္မာရုံမှာ တွေ့ကြတာပါ။

ဒေသခံအင်းသူအင်းသားများ သူ့ကို ပြောပြကြတဲ့ အကြောင်းအရာများထဲမှာ  ဟိုတယ်ဇုံဖော်ထုတ်ရေး အကြောင်းပြချက်နဲ့ အင်းဒေသစိုက်ခင်းတွေ သိမ်းဆည်းနေမှု၊  မိုင်းသောက်ကျေးရွာမြေယာသိမ်းဆည်းမှု အစရှိတဲ့ သူတို့ ရင်ဆိုင်နေရတဲ့  မြေယာပြဿနာများအကြောင်းလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။

ရင်းရင်းနှီးနှီး ဆွေးနွေး စကားဝိုင်းဖွဲ့တဲ့ ဒေသခံများထဲမှာ အင်းအထူးဒေသဖွံဖြိုးရေး ဥက္ကဋ္ဌ ကိုရေအေးလည်း ပါဝင်ပါတယ်။

ကိုဂျင်မီက  ရန်ကုန်မြို့နေ ကိုကီဝီ+မမာမာဝင်းတို့ အင်းဆုံဆည်းရာနေ့ အမှတ်တရအဖြစ်  လှူဒါန်းပေးလိုက်တဲ့ ငွေကျပ်(၁၀)သိန်း ဥက္ကဋ္ဌကို ပေးအပ်ခဲ့ပါတယ်။

ကိုဂျင်မီ ခေါ် ကိုကျော်မင်းယုက အင်းသားတယောက် ဖြစ်ပါတယ်။ မကြာသေးမီက သူရေးတဲ့ လမင်းစန္ဒာအင်းလေး ကန်သာ ၀တ္ထု ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ရဲ့ ထူးခြားချက်ကတော့ သူ အထိန်းသိမ်းခံနေရစဉ် ရေးသားခဲ့တာပါပဲ။

သူ့ရဲ့ လုံးချင်းဝတ္ထုကို ရိုက်ကူးဖို့ ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေး ကုမ္မဏီတခုက ၀ယ်ယူထားပါတယ်။



































-

No comments:

Post a Comment