Pages

Friday, November 23, 2012

ထိုင်းနိုင်ငံ မဟာချိုင်ရောက် ရွှေတွံတေးဆရာတော်

 ရွှေတွံတေးဆရာတ်ာနဲ့ ထိုင်းရောက် မြန်မာ ကလေးငယ်များ၊

ရွှေတွံတေးဆရာတော်သည် ထိုင်းနိုင်ငံ မဟာချိုင်ကံဖား ကိုယ်ထူကိုယ်ထ ကလေးများ စာသင်ကျောင်းကို နိုဝင်ဘာလ ၂၁ ရက်နေ့ က သွားရောက်ပြီး စာအုပ် စားရေကရိယာနှင့် မုံ့မျိုးစုံဝေငှ ခဲ့ပါတယ်။ 

မိသားစုများ ကျန်းမာရေး အရေးပေါ် ရံပုံငွေလည်း မတည်လှူဒါန်းခဲ့ပါသေးတယ်။ 

ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ ပြောင်းအလုပ်သမားတွေရဲ့ ကလေးသူငယ်များ အရေးကို အာဏာပိုင်များ လူမှုအဖွဲ့ အစည်းများနဲ့ NGO များ အတိုက်အခံ ဆွေးနွေးနေကြဆဲပါ။ 

ရွှေ့ ပြောင်း မိခင်များ ကလေး မမွေးရေး - အရွယ်မရောက်သေးသော ကလေးများ နိုင်ငံပြန်ပို့ ရေး - မိခင်
နှင့် သားသမီး လူ့ အခွင့်အရေး စသဖြင့် ထောင့်စုံဘက်စုံ ဆွေးနွေးနေကြဆဲလည်းဖြစ်ပါတယ်။ 

ထိုင်းအစိုးရက ကိုယ်ဝန်ဆောင် ရွှေ့ပြောင်း အလုပ်သမား မိခင်တွေနဲ့ အရွယ်မရောက်သေးသူ ကလေးငယ်တွေကို မူလ နိုင်ငံပြန်ပို့ရေး မူဝါဒကို ထိုင်းပါလီမန်မှာ  ဆွေးနွေးနေကြသလို ထိုင်း-မြန်မာတာဝန်ရှိ သူတွေကလည်း ဆွေးနွေးနေတာကြောင့် အဆိုကိစ္စ အပါ် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများလည်း စိုးရိမ်ပူပန်နေချိန်ဖြစ်ပါတယ်။

"ကလေးတွေ ကိစ္စကို ထိုင်းဘက် - မြန်မာဘက် ဆွေးနွေးနေကြပေမယ့် အဖြေမထွက်သေးဘူး။  ဘာပဲဖြစ်ဖြစ် အချိန်ရသရွေ့ တော့ ကလေးတွေကို စာသင်ပေးနေရမှာပဲ - ဥာဏ်ရည်တက်အောင် စာရိတ္တကောင်းအောင် လိမ္မာအောင် ၀ိုင်းပြီးကြိုးစားပေးကြရမှာပဲ"လို့ ရွှေတွံတေးဆရာတော်က မိန့် ကြားခဲ့ပါတယ်။ 




No comments:

Post a Comment