Pages
▼
Monday, November 26, 2012
လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ရန်ကုန်မှာ ဆန္ဒထုတ်ဖော်
ကြယ်ပြာ ~
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအား ရပ်တန့်ပေးရန်ဆန္ဒထုတ်ဖော်မှု ၁ ခုကို ရန်ကုန်မြို့တော် ခန်းမရှေ့ မှာ ယနေ့ ညနေ ၄ နာရီကျော်ခန့်က ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်သူ ၁၀၀ ကျော်ခန့် ပါဝင်ပြီး၊ ပြည်သူ့ အကျိုးဆောင် ကွန်ရက်၊ Generation Wave၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချူပ် (ဗကသ)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ နဲ့ မြေသြဇာ အဖွဲ့တို့က ယခုပွဲကို ဦးဆောင်ခဲ့ကြတာပါ။
"လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတိုက်ဖျက်ရေး ဒို့အရေး" ဆိုတဲ့ ကြွေးကြော်သံများနဲ့ အတူ "မြန်မာဝမ်ပေါင်ကုမ္ပဏီ ချက်ချက်ထွက်" အစရှိသော ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီးတော့ ဆန္ဒ ထုတ်ဖော်ခဲ့ကြတယ်။
" မူလ အစီစဉ်က တရုတ်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ဖို့ပါ။ ဒီဟာကမလုပ်ဖြစ်တော့ ဆူးလေကို ပြောင်း လုပ်ရတော့ လူအင်အား နည်းသွားတယ်" လို့ Genaration Wave က ကိုမိုးသွေးကပြောတယ်။
ယခု ပွဲကျင်းပရေးနဲ့ ပတ်သက်ပြီး ဗကသအဖွဲ့မှ ကိုသီဟ၀င်းတင်နဲ့ ကိုဝင်းကိုကိုဦးတို့ကို ယနေ့ မနက်က စစ်ဘက်ရေးရာ လုံခြုံရေး (စအဖ) အဖွဲ့ကနေ ခေါ်ယူပြီးတော့ နေ့ တစ်ဝက်တာ ထိန်းသိမ်းစစ်ဆေးခဲ့ ပါတယ်။
ဆန္ဒထုတ်ဖော်ခွင့်ကိုလည်း မပေးခဲဘူးလို့ ဆိုကြပါတယ်။ အစိုးရရဲ့ လက်ပန်းတောင်းတောင် အရေးကို ကိုင်တွယ်ဖြေရှင်းနေပုံတွေက အလွန်အားနည်းနေပြီး ၊တရုတ်ကို ကြောက်ရွံနေတယ်လို့မြင်ရတယ် ဆိုတာကို နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးသိန်းမြင့်ထွေးက ထောက်ပြပါတယ်။





No comments:
Post a Comment