Pages

Monday, November 19, 2012

အိုဘားမား ကြိုဆိုခြင်း ရန်ကုန် မြင်ကွင်းစုံ


အိုဘားမားဂရပ်ဖတီကို ယခုညလုံခြုံရေးစောင့်နေသည့် လူငယ်များကို နိုဝင်ဘာ ၁၉ ရက်နေ့မနက်ကတွေ့ရစဉ်
ဓါတ်ပုံ - ဂျေပိုင်

အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမားရဲ့ သမိုင်းဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ ရောက်ရှိလာမှာဖြစ်လို့ ကြိုဆိုခြင်း မြင်ကွင်းစုံကို ဧရာဝတီက ဖော်ပြပေးလိုက်တာပါ။ 

အိုဘားမား ဂရပ်ဖတီဆွဲသူရဲ့ သူငယ်ချင်းတွေက အခုလို ညအိပ်စောင့်ဖို့ ပြင်ဆင်ခဲ့ကြတယ်။ 





မိမိတို့၏ဆန္ဒအလျောက် လာရောက်ကြိုဆိုကြသည့် ပြည်သူ အချို့က လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတအိုဘားမား ဓာတ်ပုံများကို ကိုင်ဆောင်ကြိုဆိုနေကြသည်။


သံဃာတော်များကလည်း အမေရိကန်နှင့်မြန်မာအလံများကိုင်ဆောင်ကာ အမေရိကန်သမ္မတအိုဘားမားကိုကြိုဆိုရန် ပြင်ဆင်နေသည်။

ဒီလိုကြိုလို့မရပါဘူး။ လုံခြုံရေးအရပါ။ ပြန်ကြပါ ဆိုပြီး သံဃာတော်များကို ကျောင်းတိုက်ပြန်ကြရန် လုံခြုံရေးတာဝန်ရှိသူက ဖိအားပေးစေခိုင်းနေစဉ်။

ဦးဇင်းတို့က နားလည်တယ်။ တိုင်းပြည်ကောင်းစေချင်လို့ လာကြိုတာ။ ဒကာကြီး အတင်းအကျပ်မလုပ်ပါနဲ့ 

 



အိုဘားမားရောက်ရှိရန်အချိန်နီးကပ်လာသည်နှင့်အမျှ လာရောက်ကြိုဆိုကြသည့် ပြည်သူများကိုတွေ့ရစဉ်

No comments:

Post a Comment