Pages

Saturday, November 24, 2012

လက်ပံတောင်းတောင်ဒေသကို ဒေါ်အောင်ဆန်းစုကြည်လာမယ်



မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လက်ပံတောင်းတောင်ကို လာရောက်လေ့လာဖို့ ရှိတယ်လို့ သိရပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဆန်နီ

သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း လက်ပံတောင်းတောင်ကို ယမန်နေ့က သွားရောက်ခဲ့ပြီး သပိတ် 
မှောက် ခေါင်းဆောင် မသွဲ့သွဲ့ဝင်းနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူ့အနေနဲ့ ဒေသခံတွေ ရဲ့ တောင်းဆိုမှုကို သမ္မတထံ ဆက်လက်တင်ပြပေးသွားမယ်လို့လည်း မုံရွာ ပွင့်လင်း လူ့အဖွဲ့အစည်းက တာဝန်ရှိသူ တဦးက ပြောပါတယ်။ 

မနေ့က ပြည်သူ့လွှတ်တော်မှာ ပုလဲအမတ် ဒေါ်ခင်စန်းလှိုင်က ကြားဖြတ် အဆိုတခုတင်ခဲ့ရာ အစိုးရ ဘက်က စီမံကိန်းနဲ့ပတ်သက်ပြီး လျော်ကြေးတွေပေးခဲ့ပြီး၊ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေလည်း ပေးခဲ့ကြောင်း စသဖြင့် ယခု စီမံကိန်းကို ရပ်ဆိုင်းလိုက်ပါက နို်င်ငံခြား ရင်းနှီးမြှုပ်နှံ လိုသူတွေအတွက် စိုးရိမ်မှုများဖြစ်သွားစေမှာ ဖြစ်လို့ စီမံကိန်းကို ရပ်ဆိုင်းမှာ မဟုတ်ကြောင်းလဲ ဖြေကြားခဲ့ ပါတယ်။

 ပြည်သူ့လွှတ်တော်ကတော့ ကော်မရှင်တရပ်ဖွဲ့ပြီး ဖြေရှင်းသွားဖို့ သဘောထား ကျခဲ့ပါတယ်။ 

ဆက်စပ်သတင်း 

ကြေးနီစီမံကိန်း ပြဿနာ ကော်မတီဖွဲ့ စစ်ဆေးရန် လွှတ်တော် ဆုံးဖြတ်

2 comments:

  1. အိမ်း .... ကောင်းလေစွ၊ သူပြောမှပဲ ကျုပ်တို့လည်း သဘောပေါက်တော့တယ်။ သဘာဝ သယံဇာတ တွေပေါများတဲ့ ကျုပ်တို့ မြန်မာနိုင်ငံ ထမင်းငတ် နေတယ်၊ သဘာဝဓါငွေ့တွေပေါတဲ့ မြန်မာနိုင်ငံ အမှောင်ထဲမှာ ငုတ်တုပ်။ တရုပ်က ကြွေးလို့ မြန်မာနိုင်ငံကြီး အငတ်ဘေး က လွတ်လာရပြီ... ဟေး၊ ဒီလို လူကြီးလူကောင်းမျိုး ကို ဘယ်လို ယုံရပါ့။

    ---------------------------------------------

    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်း ပေးဖို့ အတွက် တောင်းဆို ဆန္ဒပြနေ ကြသူ တွေဆီကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း နဲ့ ဦးလှမောင်ရွှေ တို့ လာရောက်ညှိနှိုင်းခဲ့ကြပါတယ်။
    ဘာတွေ ညှိနှိုင်းခဲ့သလဲဆိုတာကို အဲဒီက ဆန္ဒပြနေသူ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းကို ဆက်သွယ်မေးကြည့်တော့ အခုလာရောက် ကြရာမှာ အထက်ကိုတင်ပြဖို့ သပိတ်စခန်းရဲ့ဆုံးဖြတ်ချက်ကိုလာယူကြတာ ဖြစ်ကြောင်းအစောပိုင်းက မြန်မာနိုင်ငံ ထမင်းငတ်စဉ်တုန်းက တရုတ်က ကျွေးထားခဲ့လို့ တရုတ်ကို ကျေးဇူးဆပ်ရမယ်လို့ ပြောခဲ့ကြောင်း ပြော
    ပါတယ်။

    ဆန္ဒပြသူတွေက မြန်မာနိုင်ငံက သယံဇာတတွေ၊ ပဲခူးရိုးမလို သစ်တောကြီး တွေ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့တွေ တရုတ်ကုပ်သွေးစုပ်တာ ခံနေရလို့ တရုတ်ကို ကျေးဇူးမဆပ်နိုင်ကြောင်း ပြန်လည် ပြောကြားခဲ့ရာမှာ ဝန်ကြီး တွေဘက်က သူတို့ဆုံးဖြတ်လို့မရတဲ့ကိစ္စ ဖြစ်လို့ အထက်ကို တင်ပြပေးမှာ ဖြစ်တယ်လို့ ပြောကြောင်း ဆိုပါတယ်။
    -----------------------------------------------
    အထက်မှာ နတ်ပြည်ခြောက်ထပ် နဲ့ ဗြမ္မာဘုံ နှစ်ဆယ်ကြီးများတောင် ရှိသေးဒါပဲ။ စက္ကူတွေ တော်တော် ကုန်ဦးမယ်။

    ReplyDelete
  2. ကျေးဇူးတင်ထိုက် သူကိုကျေးဇူးတင်ရမှာ မကြောက် ပါဘူး။ထမင်းငတ် တာ ဘယ်သူလုပ်လို့ လဲ။
    စကားပုံ ရှိတယ် တရုတ်ကဖိ ရှမ်းကအိ ရှိသည် မြန်မာ အနောက် မှာတဲ့။အနောက် မှာ ဘင်ဂါ လီ စောင့် နေတယ်။

    ReplyDelete