Pages

Friday, November 2, 2012

၈၈ မျိုးဆက်ကျောင်းသားများရဲ့ ထိုင်းနိုင်ငံခရီး စပြီ

 ဓာတ်ပုံ-88 Generation Students~

 ၈၈ မျိုးဆက် ကျောင်းသားများဖြစ်ကြတဲ့ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော်၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ မမီမီလွင်နှင့် မစမ်းစမ်းမော် တို့ဟာ ယနေ့ နိုဝင်ဘာလ၊(၂)ရက် နံနက်(၁၀း၄၅) နာရီက လေကြောင်းခရီးဖြင့် ထိုင်း နိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာလာပါပြီ။

၈၈ မျိုးဆက် ကျောင်းသားများဟာ လာမယ့် နိုဝင်ဘာ ၃ ရက် နဲ့ ၄ ရက်နေ့တို့မှာ ထိုင်းနိုင်ငံတွင် ကျင်းပ မယ့် Myanmar Student Meeting 2012 တက်ရောက်မှာဖြစ်ပါတယ်။ MYANMAR STUDENT MEETING အပြီးမှာတော့ ကိုပြုံးချိုနှင့် ကိုအံ့ဘွယ်ကျော်တို့ ၂ ဦးဟာ နိုဝင်ဘာ လ (၈) ရက် အထိ ထိုင်းနိုင်ငံမှာ နေထိုင်ကာ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ သတင်းဌာနများနှင့် တွေ့ဆုံမှာဖြစ်ပါတယ်။ 

 ဒီအပြင် ကိုမြအေး ခေါင်းဆောင်သော ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ မမီမီလွင်နှင့် မစမ်းစမ်းမော်တို့ ပါဝင်သည့် ၈၈ မျိုးဆက် ကျောင်း သားများရဲ့ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား ရေးရာကော်မတီ အဖွဲ့ဟာ လည်း နိုဝင်ဘာလ (၁၅) ရက် အထိ ထိုင်း နိုင်ငံ အတွင်းမှာ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ရေး ကိစ္စတွေ ဆွေးနွေး သွားဖို့ရှိပါတယ်။ 


No comments:

Post a Comment