Pages

Friday, November 16, 2012

ပန်းချီ နဲ့ ပါဖောင်းမင့်န်ကို ဆက်လက်နှိပ်ကွပ်



~




ငြိမ်းဇော်  ~
   
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းနေပေမယ့် ပန်းချီအနုပညာအပေါ်မှာတော့ ကန့်သတ်ချက်တွေက  ရှိနေသေးတယ်ဆိုတာကို မြန်မာပန်းချီဆရာ ၅ ဦးက မြန်မာပြည် အပြောင်းအလဲများ နောက်ကွယ် Beyond Burma လို့ အမည်ပေးထားတဲ့ ပန်းချီ၊ ပါဖောင်းမင့်န်တွေနဲ့ အတူ ထိုင်းနိုင်ငံ ဘန်ကောက် စီလုံအရပ်က ထာဝိဘူ ပန်းချီပြခန်းမှာ ထုတ်ဖော် ပြသနေကြပါတယ်။


ဒီလ ၁၀ ရက်နေ့ကနေ လာမယ့်လ ၈ ရက်နေ့အထိ ကျင်းပနေတဲ့ ဒီပန်းချီပြပွဲမှာ မြန်မာပန်းချီ ဆရာတွေ ဖြစ်ကြတဲ့ ကောင်းစု၊ ငြိမ်းချမ်းဆု၊ ဖြိုးကြည်၊ စံမင်းနဲ့ ဖြူမွန်တို့ ရဲ့ ပန်းချီကားတွေကို ပြသနေတာ ဖြစ်ပါတယ်။

ပန်းချီဆရာ တယောက် အနှစ် ၄၀ အတွင်း ဖြတ်သန်းခဲ့ရတဲ့ ပုံရိပ်ကို ဆရာမ ဖြူမွန်က သူရဲ့ ပါဖောင်းမင့်န်နဲ့ သရုပ်ဖော်ခဲ့ပါတယ်။ (ပန်းချီဆရာမ ဖြူမွန်)
 


ပန်းချီနဲ့ ပါဖောင်းမင့်န်တွေပေါ်မှာ ဆင်ဆာရှိနေသေးတယ် ဆိုတာကို ထင်ဟပ်စေတဲ့ သရုပ်ဖော် ပြကွက်
(ပန်းချီဆရာ ငြိမ်းချမ်းဆု)

    ဒီ ပန်းချီပြပွဲဟာ အရှေ့တောင်အာရှမှာရှိတဲ့  ထိုင်း ဗီယက်နမ်၊ မြန်မာ စတဲ့ နိုင်ငံတွေက ပန်းချီ အနုပညာရှင်တွေကို နိုင်ငံတကာပရိသတ်တွေနဲ့ ထိစပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်လို့ ပြပွဲတာဝန်ခံ  MR JORN MIDDELBORG က ပြောပါတယ်။


ဒီအကြောင်းကို မကြာခင်ရက်ပိုင်း ဧရာဝတီမှာ  ရုပ်သံ အဖြစ် တင်ဆက်သွားဦးမှာပါ။






















-

No comments:

Post a Comment