Pages

Sunday, November 18, 2012

နိုင်ငံရေးအကျဉ်းသား ၆၆ ဦး လွှတ်ပေးမည်

~



ဧရာဝတီ ~

မြန်မာအစိုးရက အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံ မရောက်ရှိမီ ၁၃ နာရီလောက် အလိုမှာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ကို ထုတ်ပြန်ကြေညာလိုက်ပြီး အစိုးရရဲ့သတင်းမီဒီယာတွေမှာလည်း အကျဉ်းသား ၆၆ ဦး လွှတ်မယ်လို့  ဖော်ပြလိုက်ကြပါတယ်။ 

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုံ့ဆော်သည့် ပိုစတာတခု
ကြာသပတေးနေ့ကလည်း အကျဉ်းသား ၄၅၂ ဦးကို လွတ်ငြိမ်း သက်သာခွင့် ပေးခဲ့ပေမယ့်  နိုင်ငံရေးအကျဉ်းသားတွေတဦးမှ ပါမလာပါဘူး။

နောက်တကြိမ် ထပ်မံကြေညာလိုက်တဲ့ လွတ်ငြိမ်း သက်သာခွင့်မှာတော့ အကျဉ်းသား ၆၆ ဦး စလုံးက နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ်လို့  သမ္မတ အကြံပေးတဦးက အကြောင်းကြားလာပါတယ်။

လွှတ်ပေးမယ့်အကျဉ်းသားတွေထဲမှာ ကိုလက်ျာထွန်း၊ ဦးမြင့်အေးတို့လို့ နာမည်ကြီး နိုင်ငံရေးအကျဉ်းသားတွေအပြင် နှစ်ရှည် အကျဉ်းကျခံထားရတဲ့ ABSDF တပ်ဖွဲ့ဝင် တချို့လည်း ပါဝင်တယ် လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေမရှိဘူးလို့ တောက်လျှောက်ပြောခဲ့တဲ့ အစိုးရပိုင်းကနေ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်လို့ ပြောဆိုလာတာပါ။ 

ဒီနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးမှာ   သမ္မတရုံးဝန်ကြီးဦးစိုးသိန်း၊  ဦးအောင်မင်းတို့ရဲ့  အာမခံချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒီ ၆၆ ဦး လွှတ်ပေးရေးဟာ အိုဘားမား ခရီးစဉ်နဲ့ပတ်သက်လို့ သမ္မတရုံးတာဝန်ရှိသူတွေနဲ့ အမေရိကန်အရာရှိတွေ ရန်ကုန်မြို့ Peace Center မှာ ပြုလုပ်တဲ့ ဆွေးနွေးမှုတွေအပြီး ထွက်ပေါ်လာတဲ့ ရလဒ်တခုလည်းဖြစ်တယ်လို့ သိရပါတယ်။

အိုဘားမား မလာရောက်မီ အချိန်ပိုင်းအလို နိုဝင်ဘာလ ၁၈ ရက်နေ့ ညနက်ပိုင်းအထိ အစိုးရဘက်ကလည်း  အိုဘားမား တောင်းဆိုနိုင်မယ့် နိုင်ငံရေးအကျဉ်းသားကိစ္စ အတော်ကို ကြိုးပမ်း ပြင်ဆင်နေရပုံ ရှိပါတယ်။

No comments:

Post a Comment