Pages

Monday, November 19, 2012

ပါးကိုနမ်းပြီး နှုတ်ဆက်ခြင်း

~







ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့နေအိမ်ကိုရောက်လာတဲ့ အိုဘားမားက အိမ်ရှင်ရဲ့ ပါးကို နမ်းပြီး နှုတ်ဆက်ပါတယ်။

ပါးနမ်းပြီး နှုတ်ဆက်တာကို နိုင်ငံအများအပြားမှာ တွေ့ကြရမှာပါ။

ဒီလိုနှုတ်ဆက်ခြင်းမှာ ခင်မင်ရင်းနှီးမှုကို ပြသဖို့၊ နှစ်သိမ့်ဖို့၊ လေးစားကြောင်း ဖော်ညွှန်းဖို့  စသဖြင့် ရည်ရွယ်ချက် တခုခု ပါဝင်တယ်လို့ သိရပါတယ်။

လော့စ်အင်ဂျလိစ်မြို့မှာတော့ အမျိုးသားချင်းတောင် ပါးနမ်းပြီး နှုတ်ဆက်တယ်လို့ ၂၀၁၁ ခုနှစ် ရှီကာဂိုထရီဗြွန်း ဆောင်းပါးတပုဒ်က ဆိုပါတယ်။

ပါးနှစ်ဘက် ဘယ်အခြမ်းကို အရင်နမ်းရမလဲ?
ဆောင်းပါးမှာတော့ -  ညာဘက်ပါးကိုနမ်းတယ်၊ ပြီးရင် ဘယ်ဘက်ခြမ်းပါပဲ လို့ ဆိုတယ်။
ဥရောပသားတွေ၊ နယူးယောက်မြို့သားတွေလည်း အဲဒီလိုပဲ ညာဘက်၊ ပြီးရင် ဘယ်ဘက် နှုတ်ဆက်တယ် တဲ့။

ဒီနေ့ နေ့ခင်းပိုင်း ရန်ကုန်ရောက် အမေရိကန်သမ္မတ အိုဘားမား ပါဝါ ၅၄ ရောက်လာပုံ၊ သတင်းသမားများနဲ့ တွေ့ဆုံပုံတို့ကို ဖော်ပြလိုက်ပါတယ်.
 



























-

3 comments:

  1. ဟုတ်တယ်လေ။ အခုခေတ်အခါကြီးမှာ ဒါက ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာ။ ယဉ်ကျေးမှုဆိုတာအမျိုးမျိုးရှိမှာပေါ့။ ကိုယ့်ယဉ်ကျေးမှုနဲ့မတူလို့ အပြစ်ပြောလို့မှ မရတာ။ ကိုယ့်နိုင်ငံက လက်ခံတွေ့ဆုံတယ်ဆိုရင်တော့ သူတို့ယဉ်ကျေးမှုကိုလည်း လိုက်ရမှာပဲလေ။ ကိုယ့်ယဉ်ကျေးမှုကိုလည်းသူကလိုက်ပြီး ဖိနပ်ချွတ်ရွေတိဂုံစေတီတော်ဖူးခဲ့တာပဲ။ ဒါကနိုင်ငံတကာလူမှုရေးပဲ။ နားမလည်တဲ့သူတွေဆိုရင်တော့ ဆဲတော်ကြပါခင်ဗျာ။ လွတ်လပ်စွာဆဲနိုင်ပါတယ်။

    ReplyDelete
  2. ကျွန်တော်တို့ ဟိုတယ်မှာအသားမည်း(အိန္ဒိယအနွယ်ဝင်)တွေယောက်ကျားချင်းပါးစပ်ချင်းဖြည်းဖြည်းလေးနမ်းပြီးနှုတ်ဆက်တာကိုတောင်ထူးထူးဆန်းဆန်းမြင်ဖူးပါတယ်။

    ReplyDelete