Pages

Thursday, November 8, 2012

တော်ဝင်အလုပ်သမားများရဲ့ နောက်ဆက်တွဲအခြေအနေ



~






မိုင်အဲမလီ ~
အင်းစိန်ဆေးရုံကဆင်းလာတဲ့ မတင်နီလာအောင် (ဓာတ်ပုံ - ဧရာဝတီ)

၁၄ရက် ရှိပြီဖြစ်တဲ့ တော်ဝင် အလုပ်သမားတွေရဲ့ သပိတ်စခန်းဖွင့် ဆန္ဒပြပွဲကို   ၈ မိုင် အလုပ်သမားရုံးရှေ့ကို နေရာ ပြောင်းရွှေ့လိုက်ပါပြီ။

အလုပ်သမားတွေဟာ အောက်တိုဘာလ ၂၂ ရက်နေ့တည်းက စတင် ဆန္ဒပြကြတာပါ။ အလုပ်သမား အခွင့်အရေး၊ နစ်နာမှုတွေနဲ့ ပတ်သက်ပြီး အလုပ်ရှင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုခဲ့ပေမယ့် အလုပ်ရှင်ဘက်က လက်မခံတာကြောင့် အခုလို ရက်ရှည်ဆန္ဒပြပွဲကို လုပ်ဆောင်ကြရတာလို့ အလုပ်သမားတွေက ပြောပြပါတယ်။ သူတို့ တောင်းဆိုထားတဲ့ အချက်တွေကို မရမချင်း ဆန္ဒပြပွဲကို ဆက်လက် လုပ်ဆောင်သွားမယ် လို့လည်း ပြောဆိုပါတယ်။ 


 

ဆန္ဒပြရင်း ဆေးရုံတက်လိုက်ရတဲ့ အလုပ်သမား  ၅ဦး ရှိတယ်၊ အဲဒီ ၅ ဦး စလုံးလည်း ဆေးရုံက ဆင်းလာပြီး ဒီနေ့ဆန္ဒပြပွဲမှာ အတူပါဝင်နေပြီလို့ သိရပါတယ်။

နဖူးမှာ အနီရောင်စည်းထားတဲ့ အလုပ်သမားတွေကတော့ အစာငတ်ခံ ဆန္ဒပြနေတဲ့သူတွေဖြစ်ပါတယ်။


ဆန္ဒပြအလုပ်သမားတွေကို ရန်ကုန် ပြည့်သူ့အကျိုးဆောင် ကွန်ရက် ၊ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်ကျောင်းသားများ ကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ၊ Action Labour Rights နဲ့ အခြားသော အလုပ်သမားသမဂ္ဂအဖွဲ့က ကူညီပေးနေကြောင်း သိရပါတယ်။


( တော်ဝင်ရုံးချုပ်က ခေါ်ထားသော အလုပ်သမားများ )

 အလုပ်သမားတွေဟာ ဦးဝိစာရလမ်းမှာ ရှိတဲ့ တော်ဝင်ကုမ္ပဏီရုံးချုပ်ဆီကို ချီတက်လာခဲ့ပေမယ့် ရုံးချုပ်ထဲမှာ အခြားအလုပ်သမား ၁၀၀ နီးပါး ရောက်နှင့်နေတယ်၊ သူတို့က  ဆန္ဒပြဖို့လာသူတွေက တဲ့အလုပ်သမားတွေကို အကြမ်းဖက်မယ့် သဘောမှာရှိနေတယ်လို့ ယူဆရတယ်၊ ဒါကြောင့် ဆန္ဒပြအလုပ်သမားတွေကို ၈မိုင် အလုပ်သမားရုံးရှေ့ ပြောင်းရွှေ့ လိုက်တာဖြစ် တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ကိုကျော်မင်းက ပြောပြပါတယ်။

 























-

No comments:

Post a Comment