Pages

Friday, November 23, 2012

နယူးဇီလန် ၀န်ကြီးချုပ်ရဲ့ မြန်မာခရီး ဘာထူးလဲ


 နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကေးနှင့် သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- သမ္မတရုံးဝက်ဆိုက် 
 
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတယ်ဆိုတဲ့ ကမ္ဘာ မီဒီယာလောကမှာပါ သတင်းမွှေးနေ တဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ ခေါင်းဆောင်တွေ ဆက်တိုက်ဆိုသလို လာရောက်နေကြပါတယ်။ အဓိက လာနေကြတာကတော့ မြန်မာကို ကူညီဖို့ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ရင်းနှီးမြှုပ်နှံရေးတွေလုပ်ဖို့ ပြောကြတာ များပါတယ်။
 
ယမန်နေ့ကလည်း နယူးဇီလန် ၀န်ကြီးချုပ် မစ္စတာ ဂျွန်ကေးဟာ သမိုင်းဝင်ခရီးစဉ်အဖြစ်  မြန်မာနိုင်ငံ ကို  ရောက်လာခဲ့ပါတယ်။ 

မစ္စာ ဂျွန်ကေးဟာ သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သ လို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ 

မြန်မာနိုင်ငံကို မလာရောက်မီကလေးတင်ပဲ သူက မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၇ သန်း ကူညီပေး 
ရေး ကြေညာခဲ့ပြီး အဲဒီအထဲက ဒေါ်လာ ၆ သန်းကတော့ လယ်ယာစနစ်ပြုပြင်ထိမ်းသိမ်းရေး အတွက် လည်းဖြစ်ပါတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေကို နယူးဇီလန် လုပ်ငန်းရှင်များအနေနဲ့ လုပ်ဆောင်သွားဖို့ ရှိတယ်ဆိုတာ ကို သမ္မတ ဦးသိန်းစိန်ကလည်း ၀မ်းပမ်းတသာ ကြိုဆိုခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံကို ကူညီတာကို လက်ခံနိုင်ပေမယ့် ခိုင်မာပြီးသား အစိုးရကို ကိုလား မြန်မာနိုင်ငံသူ နိုင်ငံသားတွေကိုလားဆိုပြီး သေသေချာချာ ကွဲကွဲပြားပြား ဖြစ်စေချင်တာကိုတော့ မစ္စတာ ဂျွန်ကေးနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်း ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ 

No comments:

Post a Comment