Pages

Thursday, November 8, 2012

နေပြည်တော် နဲ့ Facebook

~





ပြည်သူ့လွှတ်တော်ကလည်း  အထင်ကရ လူမှုကွန်ရက်မီဒီယာတခုဖြစ်တဲ့ Facebook က တဆင့် ပြန်ကြားရေးလုပ်ငန်းတွေ တိုက်ရိုက် လုပ်ကိုင်နေပါပြီ။

ဒီတော့ ... ပြည်သူ့လွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်တွေကို အွန်လိုင်းကနေ ချက်ချင်းသိနိုင်ပါတယ်။


 ပြည်သူ့လွှတ်တော်စာမျက်နှာကို လောလောဆယ် Facebook သုံးသူ ရှစ်ထောင်ကျော် ချိတ်ဆက်ထားတာ တွေ့ရမှာပါ။

ပိုမို ပွင့်လင်းလာတဲ့ ဒီနေ့ခေတ်မှာ နေပြည်တော် ရပ်ကွက်တချို့လည်း Facebook ကနေ ပွင့်လင်းနေပါပြီ။

လူမှုကွန်ရက်မီဒီယာတွေအကြောင်း ရေဒီယိုနားထောင်တဲ့ ပရိသတ်တွေကိုယ်တိုင် ပြောဆိုကြတာတွေကို မနေ့က ဘီဘီစီရေဒီယိုက ထုတ်လွှင့်သွားပါတယ်။
 သမ္မတရုံး၊ လွှတ်တော်နဲ့ အစိုးရဌာနတချို့၊ အစိုးရ တာဝန်ရှိသူတချို့ ဖေ့စ်ဘုတ်မှာ ရှိနေကြပါတယ်။
သတင်းနဲ့ တုန့်ပြန်ချက်တွေ များတဲ့၊ မြန်တဲ့ ဖေ့စ်ဘုတ် လူမှုကွန်ရက်ကြောင့် အစိုးရနဲ့လူထု ချိတ်ဆက်မိကြပြီလား 
ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး မနေ့ညက ဘီဘီစီ မြန်မာပိုင်း ရေဒီယိုမှာ ဆွေးနွေးကြတာပါ။

တိုက်ရိုက် ဆွေးနွေးချက်၊ သဘောထား၊ အမြင်တွေနဲ့ တုန့်ပြန် ဝေဖန်ချက်တွေကို ၂၁ မိနစ်ကြာတဲ့ အသံဖိုင်

http://www.bbc.co.uk/burmese/multimedia/2012/11/121107_hyssocialmedia_audio.shtml  မှာ နားဆင်နိုင်ပါတယ်။

Facebook သုံးတဲ့ သမ္မတရုံး ညွှန်ကြားရေးမှူးလည်း ပါဝင် ဆွေးနွေးထားပါတယ်။
























-

No comments:

Post a Comment