Pages

Thursday, November 8, 2012

တောင်ကြီးက အင်တာနှေး နဲ့ GSM ပျက်







ဂျွန်ချစ်ငြိမ်း (တောင်ကြီး)
~


တနင်္ဂနွေနေ့မှ စတင်ပြီး  တောင်ကြီးမြို့တွင်  အင်တာနက်လိုင်းများ၊  GSM ဖုန်းလိုင်းများ နှေးကွေး ပြတ်တောက်နေသဖြင့်  အင်တာနက်ဆိုင်များ၊ GSM ဖုန်း သုံးသူများ ညည်းတွားနေကြရသည်။

     ဖုန်းအသုံးပြုသူဒေသခံတစ်ဦးကလည်း ဆက်လို့ရလိုက်၊ မရလိုက် ဖြစ်နေကြောင်း ပြောသည်။

ဆက်သွယ်ရေးက ဆာဗာပြင်နေတယ်တော့ ကြားတယ်၊ တရားဝင် အသိပေးတာတော့ မရှိပါဘူး ဟု တောင်ကြီးမြို့ အင်တာနက်ဆိုင်များက တညီတညွတ်တည်း ပြောပြသည်။

ပြည်နယ်လျှပ်စစ်ရုံးက စနေ တနင်္ဂနွေနေ့တွင် မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရန် လျှပ်စစ်မီး  ခေတ္တ ဖြတ်တောက်မည်ကို တရက် ကြိုတင်ပြီး   တောင်ကြီးမြို့တွင်းကားဖြင့် လှည့်လည်ကာ ပြည်သူများ သိရှိစေရန် အသိပေးခဲ့သည့်အတွက် ဒေသခံတို့ ကျေနပ်မှု ရှိစေသည်ဟု တောင်ကြီးမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

သို့သော်လည်း ယခုကဲ့သို့ ဖုန်းလိုင်းများ ၊အင်တာနက်လိုင်းများ ပျက်တောက်နှေးကွေးနေမှုကို ကြေငြာချက်အသိပေးခြင်း သတိပေးချက် မရရှိကြောင်း၊ ဆက်သွယ်ရေးကဏ္ဍတွင်  ပွင့်လင်းမြင်သာမှု အားနည်းနေသေးကြောင်း၊ လုပ်ငန်းကိုင်ငန်း  စီးပွားရေးကိစ္စများ အတွက် ဆက်သွယ်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။












-

2 comments:

  1. အာဏာရှင်စနစ်အကြွင်းအကျန် ပြည်သူကို ဂရုမစိုက်တဲ့ အမူအကျင့်တွေပေါ့။

    ReplyDelete
  2. အာဏာရှင် စနစ်အကြွင်းအကျန်မဟုတ်ဘူး ကို့ဆရာသမားရေ တောင်ကြီးက အင်တာနက် စရကတဲ့က တနိုင်ငံလုံးမှာ အင်တာနက် connection က တောင်ကြီးက အနေးဆုံးလို့ ပြောရမလားပဲ။ အရမ်းကိုနေးတာပါ။ web browser တခု တက်လာဖို့ အိပ်ပြီး စောင့်ယူရမလားပဲ။ ဖုန်းကလဲ တချို့ မြို့လယ်ကောင်တချို့နေရာတွေမှာ လုံးဝကို ဆက်လို့မရတာ။ အဲဒါပါပဲဗျာ တောင်ကြီးက တောများနဲနဲကျနေလို့လားလဲမပြောတတ် ပါဘူး။

    ReplyDelete