Pages

Monday, November 12, 2012

HTC နဲ့ Apple တို့ကြား သဘောတူညီမှု ရပြီ

~



Apple iPhone နှင့် HTC စမတ်ဖုန်း 
 
ထိုင်ဝမ်ရဲ့ စမတ်ဖုန်းလောကကို ဦးဆောင်နေတဲ့ HTC နဲ့ နည်းပညာ မဟာ အင်အားကြီး Apple နဲ့ကြား အခုတော့ တရားဝင် သဘောတူညီမှု ရပြီလို့ HTC က တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။ 

အဆိုပါ ကုမ္ပဏီ ၂ ခုကြားမှာ လူသိရှင်ကြား အပြန် အလှန် တရားစွဲဆိုမှုတွေအားလုံးကို အဆုံးသတ်ပြီး အထက်ပါအတိုင်း ပြောလိုက်တာဖြစ်ပါတယ်။ 

သူတို့ ကုမ္ပဏီ ၂ ခုအကြား သဘောတူညီမှုမှာတော့ မူပိုင်ခွင့် ဆိုင်ရာကိစ္စတွေကို ကျော်လွှာနိုင်ခဲ့ပြီး တရားဝင် ၁၀ နှစ်တာ လိုင်စင် ကိစ္စ သဘောတူမှု ပါဝင်တယ်လို့ HTC ရဲ့ ကြေညာချက်မှာ ပါရှိပေ မယ့် နောက်ထပ် အသေးစိပ်အချက်အလက် တွေတော့ မပါဝင်ခဲ့ပါဘူး။ 

“HTC အနေနဲ့ Apple နဲ့ အငြင်းပွားနေမှုတွေ ဖြေရှင်းပြီးသွားလို့ စိတ်သက်သာရပါတယ်။ ဒါကြောင့် တရား စွဲ ဆိုမှုတွေ အစား အသစ်အဆန်းတီထွင်တာပေါ်မှာ HTC အနေနဲ့ အာရုံစိုက်လုပ်နိုင်ပါပြီ” လို့ HTC ရဲ့ စီအီးအို ပီတာချောင် က ကြေညာချက်မှာ ပြောပါတယ်။ 

HTC ရဲ့ စီအီးအို ပီတာချောင်ဆိုတာ မြန်မာနိုင်ငံမှာ နေထိုင်ကြီးပြင်းခဲ့သူလည်းဖြစ်ပြီး မန္တလေး တက္ကသိုလ်ကျောင်းထွက် လည်း ဖြစ်ပြီး မကြာသေးခင် လပိုင်းက မန္တလေးမြို့ကို လာရောက်ခဲ့ ပါသေးတယ်။ 

 Apple ရဲ့ စီအီးအို Tim Cook ကလည်း “ကျနော်တို့ အနေနဲ့ HTC နဲ့ သဘောတူညီမှု ရလိုက်တာကို ၀မ်းသာရပါတယ်” လို့ အေအက်ဖ်ပီ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

“ကျနော်တို့ဟာ ထွက်ကုန်အသစ်အဆန်းတွေအပေါ်မှာ အာရုံထားပြီး ဆက်လက်လုပ်ကိုင် သွားနိုင် ပါလိမ့်မယ်” လို့ သူက ဆက်ပြောထားပါတယ်။ 

နည်းပညာ မဟာ အင်အားကြီးတွေဟာ တခုနဲ့ တခု မူပိုင်ခွင့်တွေ၊ ဥပဒေရေးရာတွေနဲ့ ဘတပြန်၊ ကျားတပြန် တိုက်ပွဲဆင်နွှဲ နေကြတာ ပုံမှန်လိုဖြစ်နေပါပြီ။ 

Apple က HTC နဲ့ အခြား စမတ်ဖုန်း ထုတ်လုပ်သူတွေကို စွပ်စွဲခဲ့တာကလည်း Apple ရဲ့ မူ ပိုင်ခွင့် ရှိခဲ့တဲ့ Google’s Android အော်ပရေးတင်း စနစ်ကို ယူသုံးတယ်ဆိုပါတယ်။ 

အခုနောက်ဆုံးမှာ အဆိုပါ ကုမ္ပဏီ ၂ ခု အကြား ဥပဒေကြောင်းနဲ့ အပြန်အလှန် စွပ်စွဲ တရားရင်းဆိုင် 
နေကြရင်း HTC က လည်း ဇူလိုင်လက ပြောခဲ့တာမှာ အမေရိကန် ဖလော်ရီဒါ ခရိုင် တရားရုံးတခုမှာ Apple နဲ့ တရားရင်ဆိုနေခဲ့ရတာပါ။ ဒါပေမယ့် ပုံမှန် မူပိုင်ခွင့်ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေနဲ့ ဖြစ်လာတဲ့ အဲဒီအမှုကို ပိတ်ပစ်ဖို့ကိုလည်း အဆင်မပြေဖြစ်ခဲ့ပါတယ်။




















-

1 comment:

  1. မဟုတ်ရင် Apple ကအမှုရှုံးတော့မှာလေ ... ဟားဟား ... မယုံရင် သတင်းလေးတွေရှာဖတ်လိုက်ပါဦး
    ၂၀၁၂ ခုနှစ်အတွင်း Apple ရဲ့ မူပိုင်ခွင့်နဲ့ပါတ်သတ်တဲ့ ရှုံးနိမ့်မှု ၅ ခု
    ၁။ iPad နာမည် မူပိုင်ခွင်နဲ့ပါတ်သတ်ပြီး တရုတ်ကုမ္ပဏီ Proview ကို အမှုရှုံးလို့ $60 လျော်လိုက်ရပါတယ်။
    ၂။ Samsung Tablet တွေက Apple ရဲ့မူပိုင်ခွင့်တွေကို ချိုးဖေါက်တယ် ဆိုပြီးတရားစွဲတဲ့အမှု၊ UK မှာရှုံးပါတယ်။
    ဂျပန်မှာဆိုရင် တရားစွဲခွင့်တောင်မပေးပါဘူး။ US မှာ Samsung Tablet တွေကို အရောင်းပိတ် ထားရာကနေ
    ပြန်ရောင်းခွင့်ပြုလိုက်ရပါ
    တယ်။
    ၃။ Mexico Telco ကုမ္ပဏီ iFone က Apple ကို iPhone ဆိုပြီး သံတူကြောင်းကွဲနာမည်ပေးလို့ တရားစွဲရာမှာ
    Apple အမှုရှုံးပါတယ်။ (ဘယ်လောက်လျော် ရမလဲ မသိသေးပါ)။
    ၄။ VirnetX ဆိုတဲ့ ကုမ္ပဏီရဲ့ Video Chat Feature ကို ကူးယူသုံးစွဲလို့ Apple ကိုတရားစွဲရာမှာ Apple
    ကရှုံးလို့ $368.2 M လျော်ရပါမယ်။
    ၅။ Apple ရဲ့ mobile device တွေမှာ သုံးတဲ့ နာရီ widget ဟာ ဆွစ်ဇာလန်နိုင်ငံ မီးရထားကုမ္မဏီ
    SBB ရဲ့ နာရီပုံစံကို တသွေမတိမ်းကူးယူအသုံးပြုတဲ့အတွက် $ 21M လျော်ရပါမယ်။

    ReplyDelete