Pages

Wednesday, November 28, 2012

ကိုရီယားအဆိုတော် PSY ဒီနေ့ည ထိုင်းနိုင်ငံမှာ ဖျော်ဖြေမယ်

ကမ္ဘာတလွှား အချိန်တိုအတွင်း နာမည်ကြီးကျော်ကြားလာတဲ့ တောင်ကိုရီယား အဆိုတော် PSY ဟာ ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက် ညမှာ ထိုင်းနိုင်ငံမှာ ဖျော်ဖြေဖို့ ရှိပါတယ်။ ဒီနေ့ဟာ ထိုင်းနိုင်ငံ တလွှား တန်ဆောင်တိုင် ( လွိုင်ကထုံ ပွဲတော်) ကို စည်စည်ကားကား ကျင်းပတဲ့နေ့လည်း ဖြစ်ပါတယ်။ 


ထိုင်းဘုရင့် ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးနေတဲ့ ကိုရီယားအဆိုတော် PSY၊ ဓာတ်ပုံ- matichononline

အဆိုတော် PSY ဟာ ထိုင်းနိုင်ငံ ဘုရင်ကြီးနှင့်တွေ့ဆုံရန်အခွင့် ရရှိခဲ့ပြီး ဓာတ်ပုံမှာ ဖော်ပြသလို ဘုရင့် ဧည့်သည်တော် မှတ်တမ်းမှာ လက်မှတ်ရေးထိုးနေတာပါ။ ထိုင်းဘုရင်နဲ့တွေ့ဆုံဖို့ အတွက်ဖြစ်ပါတယ်။ 


ယနေ့ ထိုင်းနိုင်ငံသို့ ကိုရီယားအဲယားလိုင်းနဲ့ ရောက်ရှိလာချိန်မှာတော့ ကြိုဆိုသူများနဲ့ အလွန်စည်ကားခဲ့ပါ တယ်။ 



PSY ရဲ့ Oppa Gangnam Style ဆိုတဲ့ အဆို၊ အကဟာ ကမ္ဘာတ၀န်း လူကြိုက်အများဆုံးဖြစ်သလို ထိုင်းနိုင်ငံမှာလည်း အလွန် လူကြိုက်များပါတယ်။ 


No comments:

Post a Comment