Pages

Tuesday, December 25, 2012

Air Bagan လေယာဉ်တစီး ဟဲဟိုးတွင် မီးလောင်မှု ဖြစ်ပွား

ပြည်တွင်းခရီးစဉ်များပြေးဆွဲနေသော Air Bagan လေယာဉ်တစီး ဟဲဟိုးလေဆိပ်တွင် ယနေ့မနက်က မတော်တဆမှုဖြစ်ပွားပြီး လေယာဉ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။ 

 Air Bagan လေယာဉ်တစီး၊ ဓာတ်ပုံ- http://www.crash-aerien.aero

အဲယားပုဂံလေကြောင်းလိုင်းမှ တာဝန်ရှိသူများကမူ အတည်ပြုပြောဆိုခြင်းမရှိဘဲ အာဏာပိုင်များက လည်း ဖြေဆို ရန် ငြင်းဆန်ကြသည်။ 

လူအသေအပျောက်နှင့်ဒဏ်ရာရရှိမှုအနေအထားကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။ အဲယား ပုဂံ
လေကြောင်း လိုင်းဖြင့် ဟဲဟိုးလေဆိပ်သို့ လိုက်ပါသော ခရီးသည်များ တွင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များပါဝင်ကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်အချို့ထံမှ စုံစမ်းသိရှိရသည်။ 

အသေအပျောက်စာရင်းကိုမူ ယခုအချိန်အထိ မသိရှိရသေးဘဲ ဖြစ်စဉ်မှာ လေယာဉ်အတောင်ပံနှစ်ခု ပျက်စီးသွားပြီး လေယာဉ်ကိုယ်ထည်မှာ အလုံးလိုက် လေယာဉ်ကွင်းအပြင်သို့ ရောက်ရှိ ခြင်းဖြစ်သည်ဟု မျက်မြင်အချို့၏ပြောကြားချက်အရ သိရှိရသည်။

"နှင်းထုက ထူတော့ ကွင်းမရောက်ခင် ကြိုဆင်းလိုက်သလိုဖြစ်သွားတယ်။ ကားလမ်း၊ ရထားလမ်း၊ ဓာတ် အား တိုင်တွေနဲ့ငြိပြီး အတောင်ပံနှစ်ခုစလုံးက မီးလောင်ပျက်စီးသွားတယ်။ လေယာဉ် ကိုယ်တည် ကြီးက ကွင်းထဲကို ဒီအတိုင်းကြီးဆင်းသွားပြီးတော့ မီးလောင်တယ်။ လူအသေအပျောက်က တော့ ကျနော်လည်း မသိဘူး။ ဖြစ်တာကတော့ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်တာ" အဲယား ပုဂံလေယာဉ် ပျက်ကြမှုကို မျက်မြင် 
တွေ့ မြင်လိုက်ရသော ဒေသခံတဦး၏ ပြောကြားချက်ဖြစ်သည်။

(Air Bagan မှ ထုတ်ပြန်ချက်)
 
ယနေ့ မနက် (w9-011) ရန်ကုန်-မန္တလေး-ဟဲဟိုး လေယာဉ်သည် ဟဲဟိုးကွင်းသို့ ဆင်းသက်ချိန် တွင် လေယာဉ်ကွင်းနှင့် ၂-မိုင်အလိုခန့်တွင် အရေးပေါ်ဆင်းသက်သွားခဲ့ရကြောင်း သတင်းရရှိပါသည်။ 


ခရီးသည် 65 ယောက်ပါဝင်ပြီး ခရီးသည်အားလုံးနှင့် Captain ၊Crew များအားလုံးလည်း အသေအပျောက် မရှိကြောင်း သိရှိရပါသည်။
အဲပုဂံ Emergency Team မှ ဖြစ်ပွားရာနေရာသို့ သွားရောက်၍ လိုအပ်သည့်အကူအညီများ ဆောင် ရွက်လျက်ရှိပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဆက်လက်တင်ပြသွားပါမည်။

2 comments:

  1. ပေါချောင်ကောင်း...ဘယ်အာမခံကုပဏီကမှ....ှလက်မခံတော့တဲ......သက်တမ်းကုန်နေတဲ့လေယဉ်အဟောင်းတွေကို..အကြွေးပေးစနစ်နဲဝယ်ထားတာဆိုတော့..ဒီလောက်တောရှိ့မှပေါ့...လေယဉ်တစ်စင်းလုံးမီးလောင်တာတောင်...၂ယော်ဘဲသေပြီး..၁၁ယောက်ဘဲဒါဏ်၇ာ..၇တယ်ဆိုတော့...မဆိုးပါဘူး...ပြောသမျှယုံ၇မှာပေါ့....ဟဲဟဲဟဲ....Air Zalon ဆိုကြောက်ပါပြီ

    ReplyDelete
  2. will air bagan restore confidence by holding an independent inquiry including the plane manufacterer?

    ReplyDelete