Pages

Friday, December 14, 2012

ဦးတိက္ခဥာဏ ဆေးကုစာရိတ် နိုင်ငံတော်က ဘတ် ငွေ ၁ သန်း ကူညီ


လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ်စခန်းတွေကို လုံခြုံရေး တပ်ဖွဲ့များက အကြမ်း ဖက် ဖြိုပြီးနောက် မီးလောင် ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေထဲက ဦးတိက္ခဥာဏဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဆေးဝါးကုသမှု ခံယူရန် ရောက်ရှိခဲ့ရာ နိုင်ငံတော်က ဘန်ကောက်ဆေးရုံကြီးကို ဘတ်ငွေ ၁ သန်း ကြိုတင် ပေးသွင်းထားတယ်လို့ နိုင်ငံပိုင် သတင်းစာ တစောင်ဖြစ်တဲ့ မြန်မာ့အလင်း သတင်းစာ မှာ ဖော်ပြထားပါတယ်။ 


အခုလို နိုင်ငံတော်က ဆေးကုသစရိတ်အဖြစ် ထိုင်းနိုင်ငံသုံး ဘတ်ငွေ ၁ သန်း ထောက်ပံ့တဲ့ကိစ္စဟာ အလွန် သင့်တော်တဲ့ လုပ်ရပ်ဖြစ်ပြီး အဆိုပါ သတင်းပါ ရောဂါအခြေအနေမှာ ဆိုးရွားခြင်း မရှိဘဲ ၄င်း၏ ဆန္ဒအရ ဘန်ကောက်မှာ ဆေးကုသခံယူတာဖြစ်တယ်လို့ ဖော်ပြတာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါ တယ်။  



5 comments:

  1. ဟုတ်မဟုတ် ဗန်ကောက်ဆေးရုံက သတင်းပြန်ရနိုင်ပါတယ်။

    ReplyDelete
  2. နိုင်ငံတော်ကို ကျေးဇူးတင်ပါသည်။သာဓု သာဓု

    ReplyDelete
  3. ကျေးဇူးတင်ပါသည်။
    ကျေးဇူးတင်ပါသည်။
    ကျေးဇူးတင်ပါသည်။

    ReplyDelete
  4. ဘာဗျ နိုင်ငံတော်က ပေးတာ... နိုင်ငံသားတွေက ဘာလုပ်လို့ နိုင်ငံသားတွေပိုင်တဲ့ငွေနဲ့ဆေးကုစရိတ် ကူရတာလဲ... အမိန့်ပေးတဲ့လူနဲ့ လုပ်တဲ့လူတွေပေးပေါ့... ငါတို့တော့ မလိမ့်တပတ်နဲ့ အမြဲတမ်းခံနေရတာပဲ...

    ReplyDelete
  5. မရှင်းလို့ မေးပ၇စေ။ဘတ်ငွေတသန်းဆိုတာဘယ်ကဘတ်ထားတာပါလဲ?

    ReplyDelete