Pages

Monday, December 24, 2012

အကယ်ဒမီ လာပါပြီ

~


ဒါရိုက်တာမီးပွားကို ဘယ်သူနမ်းသွားသလဲ ~
အကယ်ဒမီဆုပေးပွဲ လာပါတော့မယ်။
လာမယ့် ရက်ပိုင်းအတွင်း အကယ်ဒမီဆုများ ပေးအပ်တဲ့အခါ ဘယ်သူတွေ ရနိုင်ချေ ရှိတယ် ဆိုတာ စာနယ်ဇင်းတချို့မှာတော့ ခန့်မှန်းနေကြပါပြီ။


ပြီးခဲ့တဲ့နှစ်က ဆုပေးပွဲကို နေပြည်တော်မှာ လုပ်ပါတယ်။
ဒီနှစ်တော့ ရုပ်ရှင်သမားများ အခြေချရာ ရန်ကုန်မှာ ပြန်လုပ်တော့မယ် တဲ့။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားကို  ဒီဇင်ဘာ ၃၀ တနင်္ဂနွေ မွန်းလွဲပိုင်း၊ သုဝဏ္ဏကွင်းမှာ လုပ်မှာ ဖြစ်ပါတယ်။

မြန်မာ့ရုပ်ရှင်အစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ချင်း - ထူးထူးခြားခြား အစီအစဉ်တွေ ရှိတယ်၊ ဘာတွေလဲ ဆိုတာတော့  ပရိသတ်ကို ကြိုပြောလို့မရဘူး လို့ ဆိုတယ်။

ရုပ်သံကနေ တိုက်ရိုက်လွှင့်မယ်၊ မွန်းလွဲပိုင်း ၃ နာရီ ၀န်းကျင်ကနေ ည ၈း၀၀ သတင်းကြေညာချိန်အထိ တိုက်ရိုက်လွှင့်မှာပါ တဲ့။

၂၀၁၁ ဇန်န၀ါရီမှာ တွေ့ခဲ့ရတဲ့ အကယ်ဒမီပွဲ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဆက်စပ် -

ပရိသတ်ပေးသည့် မဲစနစ်ဖြင့် အကယ်ဒမီဆုပေးပွဲ ယခုနှစ် မဖြစ်နိုင်သေး
ညိမ်းပြည့်စုံ
























--

No comments:

Post a Comment