Pages

Saturday, December 29, 2012

ကမ်နမ်စတိုင်နဲ့ ဝူခုန်း အလှူခံထွက်ခြင်း

~



(ဓာတ်ပုံများ - စည်သူ/ဧရာဝတီ)

နိုင်ငံတကာမှာ ကိုရီးယား ကန်နမ်စတိုင် သီချင်းနဲ့ အက ခေတ်စားနေတော့ မြန်မာပြည်ကလည်း ဘာသားနဲ့ ထုထားတာမို့လဲ၊ မြန်မာပြည်မှာလည်း အင်မတန် ခေတ်စားနေပါတယ်။

ရန်ကုန်မြို့မှာတော့ စတိုးဆိုင်များကအစ အလှူခံထွက်သူများအဆုံး ကန်နမ်စတိုင်သီချင်းနဲ့ မြူးမြူးကြွကြွ ရှိနေကြပါတယ်။



ပုံမှာ မြင်ရတာတွေကတော့ ရန်ကုန်မြို့တနေရာ ဗုဒ္ဓ ပူဇနိယ မင်္ဂလာပွဲ တခုအတွက် အလှူခံထွက်နေပုံများပါ။ ဆိုခဲ့သလိုပဲ ကနနမ်စတိုင်သီချင်းနဲ့ပါပဲ။ မြန်မာကြိုက် တရုတ်ဒဏ္ဍာရီ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲထဲက ဝူခုန်းတို့အုပ်စုပုံစံ ဆင်မြန်းထားသူများက တလမ်းဝင် တလမ်းထွက် ကိုရီးယားကမ်နမ်စတိုင်နဲ့ အသွင်ထူးနေကြလေရဲ့။

ဝူခုန်းနဲ့ကန်နမ်စတိုင် ပူးပေါင်းဆောင်ရွက်လိုက်တော့ ပရိသတ်များ၊ အလှူရှင်ဖြစ်လာဖွယ်ရှိသူများရဲ့ အထူး စိတ်ဝင်စားမှုကိုရကြမှာ အသေအချာပါပဲ။


အများ စိတ်ဝင်စားရင် အလှူငွေ ပိုရနိုင်ချေ ရှိပါတယ်။


အများသိ ဝူခုန်းတို့အုပ်စုပုံနဲ့ ဆွဲဆောင်နေကြတာတော့ ကြာပါပြီ တဲ့။ ကန်နမ်စတိုင် ပေါ်လာတော့လည်း ဝူခုန်းတို့ ကန်နမ်ရပါတော့တယ်။

အလှူခံအဖွဲ့ လူငယ်များက မူရင်းကန်နမ်စတိုင်သီချင်းကို တဒုန်းဒုန်းဖွင့်၊ မူရင်း ကမ်နမ်အကနဲ့တူအောင် တဒုန်းဒုန်းကခုန်နေကြတာ တက်တက်ကြွကြွပါပဲ။

ကန်နမ်အကဟာ ခဲရာခဲဆစ် မဟုတ်တဲ့အတွက် ပိုမို တွင်ကျယ်လာတာလို့ ယူဆရပါတယ်။


အကအဖွဲ့ထဲ ရှေ့ဆုံးမှာ အစွမ်းပြနေသူကတော့ ကလေးလေးတယောက်ပါ။
ဒီလိုနဲ့ ... ကန်နမ်အက၊ သီချင်း၊ တီးလုံးတွေကို ကလေးရော လူကြီးပါ သဘောကျနေကြပါတော့တယ်။

ဆက်စပ် -
 ကန်နမ်စတိုင်လ် 
 မြန်မာတို့ရဲ့ ကန်နမ်စတိုင်လ်
 အိုဘားမားနဲ့ ကန်နမ်စတိုင်
 ဟစ်တလာလည်း သီချင်းဆိုပြီ



















--


1 comment:

  1. ဟယ် psyမျောက်ဖြစ်သွားပီ

    ReplyDelete