Pages

Tuesday, December 11, 2012

ဇာတာ မဟုတ်၊ ဖိတ်စာ ဖြစ်၏

~




-မနေ့က  ၈၈ မျိုးဆက် မောင်သက်ဇော် နဲ့ မယဉ်ယဉ်ဝိုင်းတို့  ရန်ကုန်မြို့၊   တရားရုံးချုပ်မှာ မင်္ဂလာလက်မှတ်ရေးထိုးကြပါတယ်။

မင်္ဂလာပွဲကိုတော့ မနက်ဖန် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်း ရန်ကုန် သမိုင်းမြို့မကျောင်းက အာသောကခန်းမမှာ ကျင်းပမှာပါ။

မင်္ဂလာဦးဆွမ်းကျွေးဖိတ်စာကိုတော့ ထူးထူးခြားခြားလေးဖြစ်အောင် လုပ်ထားပါတယ်။
ထန်းဖူးပေါ်မှာ ပုံနှိပ်ပြီး ဇာတာများလို ပုံဖော်ချုပ်လုပ်ထားတာပါ။
ပြီးတော့ အိတ်နဲ့ သေသေချာချာ ထုပ်ပိုးထားပါတယ်။

သတင်းသမားတယောက်ကတော့ ဒီဖိတ်စာကြည့်ပြီး သူ့ရဲ့မင်္ဂလာပွဲ ထပ်ပြီး ကျင်းပချင်စိတ် ပေါက်မိတယ်လို့ ဆိုတယ်၊ ဒီလို ဖိတ်စာလှလှ ကဗျာဆန်ဆန်လေးနဲ့ပေါ့လေ။

နောက်ထပ် သတင်းသမားတယောက်ကတော့ ဒီဖိတ်စာက သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ ဖိတ်စာပဲလို့ မှတ်ချက်ပြုပါတယ်။

























-

No comments:

Post a Comment