အာဆီယံကားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံမှ အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ၊ ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ
အဆိုပါ ကားမောင်ပြိုင်ပွဲယာဉ်တန်းဟာအင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ကနေ နိုဝင်ဘာလ ၂၈ ရက်နေ့က တည်းမှ စတင် တာ ထွက်ခဲ့တာပါ။
မြန်မာနိုင်ငံတွင်း ဖြတ်သန်းမှုကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ် မြ၀တီမြို့မှ စတင်လာ ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှ တာလွှတ်တဲ့ အခမ်းအနားကို မြ၀တီမြို့က မြန်မာ နန်း အဆောက်အအုံရှေ့၊ အာရှလမ်းမကြီးပေါ်၌ ကျင်းပခဲ့ပါတယ်။
ပြိုင်ပွဲဝင်ပေါင်း ၁၁၁ ဦးရှိပြီး အမျိုးသမီး ၈ ဦး၊ အမျိုးသား ၁၀၃ ဦးတို့ဖြစ်ပြီး မြန်မာ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း၊ ထိုင်း စသည့် အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့က ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၆ ဦး ပါဝင်ယှဉ်ပြိုင်ရာမှာ နာမည်ကြီး သရုပ်ဆောင်တဦးဖြစ်တဲ့ ဆုပန်ထွာနဲ့ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဝေဠုကျော်တို့လည်း ပါဝင်ပါတယ်။
အာဆီယံကားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံမှ အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင်နှင့် ဒါရိုက်တာ ဝေဠုကျော်၊ ဓာတ်ပုံ - မန်းသားလေး / ဧရာဝတီ
မြန်မာပြိုင်ပွဲဝင်များ
ဒွတ်ခ ဝေဠုကျော် ဘယ်လိုဖြစ်ပီး ကိုပေါက်ဖြစ်သွားတာတုန်း
ReplyDelete