ကျောင်းသားတွေအနေနဲ့ အဆိုပါ လက်ပံတောင်း အရေး စုံစမ်းရေး ကော်မရှင်မှာ ပါဝင်လိုခြင်း မရှိ
ကြောင်း ကြေညာချက် ထုတ်ပြန်ပြီး အသိပေးလိုက်ပါတယ်။ အပြည့်အစုံကို အောက်မှာ ဖတ်ရှု့နိုင်ပါ တယ်။ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့ ဟာ အဖွဲ့ဝင် အဖြစ်နဲ့ ပါဝင်နေသည်ကို အားလုံးသိကြပြီးဖြစ်မှာပါ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၂/၂၀၁၂ အရ ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းသည့် အမိန့် ကြော်ငြာစာ အပေါ် ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်။
၂ ၊ ဒီဇင်ဘာ၊ ၂၀၁၂
အထက်ပါ ကိစ္စနှင့်ပတ်သက်ပြီး လွတ်လပ်သည့် စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ကျွန်ုပ်တို့ အနေဖြင့် တောင်းဆိုခဲ့ပါသည်။
သို့သော် ယခု ဖွဲ့စည်းလိုက်သည့် ကော်မရှင်တွင် ၈၈ မျိုးဆက်ကျောင်းသားများ အနေဖြင့် ပါဝင်ဆောင် ရွက်လိုသည့်ဆန္ဒ မရှိပါကြောင်း အသိပေးအပ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ။
အကြောင်းပြချက်လေးတော့ သိချင်ပါတယ်
ReplyDeleteဟ အရင်လည်း ကွန်မန့်ပေးပြီးသားပဲ။ ၈၈ ရယ် ဒေါ်စုရယ် ဒီကိစ္စကဘာဆိုင်လို့တုန်း။ သူ့ဘာသူ စာချုပ်ချုပ်။ သူ့ဘာသာ ပြဿနာတက်နေတဲ့ကိစ္စကို အခုမှ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ မဆိုင်တဲ့သူတွေကို ထည့်ထားတာ ဘာလုပ်လို့ရမှာတုန်း။ ဥပမာ ကျွန်တော့် အဖေက ကျွန်တော်တို့အိမ်ကို မသိဘဲရောင်းလိုက်တယ်။ ကျွန်တော်တို့ စာချုပ်စာတမ်းနဲ့ ဖြစ်ပြီးတာကို မသိပါဘူးလို့ငြင်းလို့ရမလား။ အဖေ့လက်မှတ်ကြီးနဲ့လေ။ အားလုံးလည်းနည်းနည်းစဉ်းစားကြည့်ပါအုံး။ အဲဒါကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ၈၈နဲ့ ဒေါ်စုကိုထည့်တယ်ဆိုတော့ ဒီအစိုးရ လည်တာထက်လွန်နေပြီ။ အားလုံးကို ပြဿနာဖြစ်စေချင်တဲ့သဘောပေါ့။ မကျေနပ်ရင် အားလုံးအော်ဆဲလို့ရတယ်။ ရင်ထဲမှာ မြင်တာ ဖြစ်တာကိုပြောတာ။ အခုထိတော်တော်လူပါးဝတဲ့အစိုးရ။ ဦးသန်းရွှေကြိုးကိုင်ပြီးတော့ သူ့အကြံပေးတွေခေတ်စားနေတုန်းပဲ။ ရွံစရာကြီး
ReplyDelete