~
ရွက်စိမ်း ~
အခုပွဲမှာ မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့က အနုပညာရှင် ၂၆ ယောက်ရဲ့ လက်ရာတွေကို ပြသသွားမှာဖြစ်ပါတယ်။
ပွဲစီစဉ်တဲ့ ဘီယွန်းပရက်ရှာ (beyond pressure) ကို ၂၀၀၈ မှာ စတင်တည်ထောင်ခဲ့တယ်၊ ဒီအဖွဲ့က မြန်မာနိုင်ငံမှာ နိုင်ငံတကာ ပါဖောမန့်ပွဲတော်ကို ပထမဆုံး ကျင်းပခဲ့တဲ့ အနုပညာအဖွဲ့လည်းဖြစ်တယ်လို့ သိရပါတယ်။
အနုပညာလက်ရာတွေကို ကန့်သတ်ခဲ့တဲ့ ကာလကိုကျော်လွန်လာတဲ့အခါ နိုင်ငံသား အနုပညာရှင် တွေ အနေနဲ့ မည်သို့သော အနုပညာလက်ရာတွေကို ဖန်တီးနိုင်ကြမလဲ ဆိုတဲ့ အနာဂတ်မျော်မှန်းချက်နဲ့ ဘီယွန်းပရက်ရှာ ဆိုပြီး နာမည်ပေး ခဲ့တာဖြစ်ပါတယ်။
ဒီအဖွဲ့က ၂၀၀၈ ခုနှစ်ကနေ ဒီကနေ့အထိ ပါဖောမန့်ပွဲတော် ၄ ကြိမ် ပြုလုပ်ခဲ့ပြီးပါပြီ။
အသေးစိတ်အချက် အလက် တွေကို 09 – 5091- 595 (မိုးစက်) နဲ့ www.beyondpressure.org တို့မှာ စုံစမ်းနိုင်ပါတယ်။
No comments:
Post a Comment