ရန်ကုန်မြို့က ဆန္ဒပြမှု၊ ဓာတ်ပုံများ- ဂျေပိုင်/ဧရာဝတီ
ရန်ကုန်မြို့က သံဃာတော်များ ဆန္ဒပြမှု
လွန်ခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပံတောင်း
ကြေးနီ စီမံကိန်း ရပ်တန့်ရေး ဆန္ဒပြ သပိတ် စခန်း များအား လုံခြုံရေး
တပ်ဖွဲ့များက အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်၍ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊
ပခုက္ကူ၊ ပြည်မြို့ စသည့်တို့တွင် ဆန္ဒ ဖော်ထုတ်မှုများကို ၁၂၊ ၁၂၊ ၁၂ ရက်
ယနေ့ နေ့လယ်ပိုင်းက လုပ်ဆောင်ကြသည်။
ရန်ကုန်မြို့တွင် ကြေးသွန်းဘုရားကြီးအနီးတွင် နေ့လယ် ၁ နာရီခွဲ့ကျော်က စတင်၍ သံဃာ အပါး ၄၀၀
ကျော် က ဦးဆောင်ကာ မေတ္တာပို့ ဆန္ဒပြကြောင်းသိရသည်။
မုံရွာမြို့တွင် သံဃာတော်များက ရွှေစည်းခုံ စေတီဝန်းမှ စတင်ကာ ယနေ့ နေ့လယ် ၁၂ နာရီက မုံရွာမြို့ တွင်းသို့ မေတ္တာသုတ်များ ရွတ်ဆိုကာ လှည့်လည် ဆန္ဒဖော်ထုတ်ကြသည်။
ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့တွင်လည်း ဗိုလ်ချုပ်လမ်းနှင့် ရွှေတချောင်း လမ်းတလျှောက် တွင်လည်း လက်ပံတောင်း ကြေးနီ စီမံကိန်း ရပ်တန့်ရေး သံဃာတော်များက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသည်။
ပြည်မြို့ ဆန္ဒပြမှုများ ၊ ဓာတ်ပုံများ - ကောင်းမြတ်မင်း /ဧရာဝတီ
No comments:
Post a Comment